Chapter 138: အိမ်အပြန် (၂)

4.5K 746 9
                                    

Chapter 138: အိမ်အပြန် (၂)

" ဟုတ်တယ်၊ အဲ့ဒါကြောင့် သခင်လေးသူမကို နားလည်မှုလွဲသွားမှာ ကျွန်မ စိုးရိမ်နေတာ။ သူမ ဒီနေ့ မဆိုးပါဘူး။ အိမ်မှာပဲ အကြာကြီးနေခဲ့ရာက အပန်းဖြေဥယျာဉ်(ကစားကွင်း)ကို ပထမဆုံး ရောက်ဖူးတာဆိုတော့ သူမက အရမ်းပျော်နေတာ "

အန်တီကျိုးက အပြင်လူတစ်ယောက်ဖြစ်တာကြောင့် သူမ မပြောနိုင်သော အရာတစ်ချို့ရှိလေသည်။

သို့သော်လည်း အဆုံး၌ သူမက ကျည်ဆံကို ကိုက်ကာ သူမ၏စိတ်ကို ပြောနေခဲ့သည်။

" ဟော်သခင်လေး၊ စကားအများကြီးပြောမိတဲ့အတွက် ကျွန်မကို အပြစ်မတင်ပါနဲ့။ ကျွန်မ အရင်က မိသားစုအချို့မှာ အလုပ်လုပ်ခဲ့ပြီး သူတို့ကလေးတွေကို စောင့်ရှောက်ပေးခဲ့ဖူးပါတယ်။ တစ်ချို့မိသားစုတွေမှာဆို မိဘနှစ်ပါးစလုံးက အရမ်းအလုပ်များပြီး တစ်နှစ်ပတ်လုံး အိမ်မှာ ရှိမနေနိုင်ကြဘူး။ ပင်ကိုယ်စရိုက်အရဆို... " အန်တီကျိုးက ခေါင်းကိုခါကာ ဆက်ပြောသည်။ " သခင်လေးက အမြဲတမ်း အလုပ်တွေနဲ့ ရှုပ်နေ
ပြီး ဟော်သခင်ကြီးကလည်း ကျန်းမာရေးမကောင်းဘူး။ ရှောင်းရှောင်းက စဥ်းစားတွေးခေါ်တတ်ပေမယ့်လည်း နောက်ဆုံးမှာတော့ သူမက ကလေးတစ်ယောက်ပဲလေ။ ကလေးတစ်ယောက်က မိဘတွေ အဖော်ပြုပေးဖို့ လိုအပ်တယ်လေ။ သူမနဲ့ အချိန်ပိုဖြုန်းပေးနိုင်ရင် အဲ့ဒါက သူမရဲ့ကြီးထွားမှုနဲ့ စရိုက်လက္ခဏာနှစ်ခုလုံးအတွက် အကျိုးပြုလိမ့်မယ် "

ဟော်ဆွေ့ချန်းသည် သူပင် သတိမထားမိဘဲ သူ့လက်ချောင်းများကို ပွတ်လိုက်မိသည်။

သူမ အမှားတစ်ခုခုလုပ်မိပါက အဲ့ကလေးက သူ့ရှေ့မှာပဲ " အန္တရာယ်ကို ဘေးကင်းမှုသို့ " အမြဲပြောင်းနိုင်လေသည်။ ထိုကဲ့သို့ကိစ္စများသည် တစ်ကြိမ်၊ နှစ်ကြိမ်သာ မဟုတ်ဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလို အခု သူနှင့် အတော်ပင်ရင်းနှီးနေပြီဖြစ်သည်။

" သူမက ထက်မြက်တယ်လို့ ပြောတာလား "

" ထက်မြက်တာပေါ့၊ ရှောင်းရှောင်းက အန်တီ မြင်ဖူးသမျှကလေးတွေထဲမှာ အထက်မြက်ဆုံးပဲ။ နှစ်နှစ် သုံးနှစ်အရွယ် ကလေးတစ်ယောက်က ဘယ်လိုလုပ် အဲ့လိုပြောနိုင်မှာလဲ။ လူကြီးတစ်ယောက် ပြောတာကိုတောင် နားလည်နိုင်ပြီး သူမမှာ ကိုယ်ပိုင်စိတ်ကူးတွေလည်း ရှိတယ်။ ယီချန်းကို ကြည့်ပြီး သူမကို ကြည့်လိုက်ရင် သခင်လေး နားလည်သွားလိမ့်မယ် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now