Chapter 88: ဖေဖေ့သမီးလေးက ဖေဖေ့ကိုလွမ်းနေပြီ (၂)
သူမ ကျောင်းမှာ အနိုင်ကျင့်ခံရမှာကို ဟော်ဆွေ့ချန်း စိတ်မပူပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမ ကျောင်းမှာ သူတစ်ပါးအား အနိုင်ကျင့်မည်ကို စိတ်ပူနေခဲ့သည်။
နောက်ဆုံးတော့ ဟော်ရှောင်းရှောင်းသည် နည်းနည်းလေး ဆိုးသွမ်းပေသည်။
ဟော်ရှောင်းရှောင်း ကလေးထိုင်ခုံမှာ ထိုင်လိုက်ပြီး ကားပြတင်းပေါက်အပြင်ဘက်ရှိ လူတန်း ကားတန်းကြီးကို ကြည့်လိုက်သည်။ သူမ လှည့်လိုက်ကာ ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။ " သမီး သိပါတယ် "
' အဲ့ကလေးတွေကို ဘာလို့အနိုင့်ကျင့်ရမှာလဲ?? သူတို့ရဲ့ငိုသံတွေကြောင့် သမီးဦးနှောက်လေးတောင် ပေါက်ကွဲသွားဦးမယ် '
" ပြီးတော့ ဆရာတွေရဲ့ ခွင့်ပြုချက်မပါဘဲ ပတ်ပြေးပြီး အန္တရာယ်ရှိတဲ့ ကစားနည်းတစ်ခုခုကို ကစားခွင့်မပြုဘူး၊ ဒီနာရီက သမီးအတွက် ဖေဖေ ဝယ်ထားတာ၊ သမီးသာ ဝတ်ထားရင် သမီးဘယ်မှာလဲဆိုတာ ဖေဖေ သိနေရမှာ "
ဟော်ဆွေ့ချန်း စမတ်နာရီကို ဟော်ရှောင်းရှောင်း
၏လက်ကောက်ဝတ်ပေါ် ဝတ်ပေးလိုက်သည်။ " အဲ့ဒါကို မဖြုတ်လိုက်နဲ့၊ ဟုတ်ပြီလား "ဟော်ရှောင်းရှောင်း သူမလက်ကောက်ဝတ်က နာရီလေးနှင့် ကစားနေလိုက်သည်။
“ ဆံပင်အနက်နဲ့ တစ်ယောက်က ဖေဖေပဲ၊ သမီး အဲ့ဒါကို နှိပ်လိုက်ရင် ဖေဖေ့ဖုန်းက တုန်လာလိမ့်မယ်...မင်း ဖေဖေ့ကို လွမ်းနေတယ်ဆိုတာ ဖေဖေသိသွားမှာပေါ့...သမီး ဖေဖေနဲ့ စကားပြောချင်ရင် ဒါကို နှစ်ခါနှိပ်လိုက် " ဟော်ဆွေ့ချန်းသည် သူ့နံပါတ်အား ဖုန်းခေါ်ပြရင်း သူမကို လက်တွေ့လုပ်ပြနေသည်။ " သမီးက ဖေဖေ့ကို အချိန်မရွေး ဖုန်းခေါ်လို့ရတယ် "
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဟော်ဆွေ့ချန်း၏ဆဲလ်ဖုန်း မြည်လာသည်။ သူက အစိမ်းရောင်ခလုတ်ကို ဆွဲလိုက်ပြီး သူ့အသံက နာရီထဲမှ ထွက်လာသည်။
" မူကြိုကျောင်းမှာ မဆိုးနဲ့၊ ဖေဖေ ပြောတာ ကြားရဲ့လား "
ဟော်ရှောင်းရှောင်း နာရီကို ပြောလိုက်သည်။ " သမီး ကြားပါတယ် "
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.