Chapter 65: ရေကူးခြင်း သင်ခန်းစာ

6K 903 13
                                    

Chapter 65: ရေကူးခြင်း သင်ခန်းစာ

" ဖေဖေ!"

ဟော်ဆွေ့ချန်းသည် ရေကူးကန်တွင် ရေကူးနေစဥ် ကလေးငယ်တစ်ဦး ရေကန်ဘေးတွင်ရပ်နေသည်ကို သူမြင်သောအခါ သူသည် ရေထဲမှခေါင်းကိုအပေါ်သို့ပြန်မော့လိုက်ကာ အနားယူနိုင်ရန် ရေကန်ဘေးသို့ ကူးလာလိုက်သည်။ သူ၏ ကျယ်ပြန့်သော နဖူးပေါ်ရှိ ရေစက်လေးများသည် စိုစွတ်နေသောဆံပင်မှတစ်ဆင့် ဖြောင့်တန်းလျက်ရှိသော နှာရိုးပေါ်သို့ တည့်တည့်စီးကျလျက်ရှိကာ ထိုမှတစ်ဆင့် ရေစက်များအားလုံး ရေကူးကန်ထဲသို့ ပြန်ကျသွားတော့သည်။

ရေကူးဝတ်စုံကို ဘယ်သူဝတ်ထားတာတဲ့လဲ??

ဟော်ရှောင်းရှောင်းသည် သူမဖခင်၏ ပေါင်မုန့်ရှစ်လုံးကို ကြည့်လိုက်မိသည်။ ကြွက်သားလိုင်းများသည် ထင်ပေါ်နေပြီး လက်များသည်လည်း အချိုးညီစွာရှိနေကာ ခွန်အားတို့အပြည့်ပင်ဖြစ်၏။

သူမ၏ ကြီးမားလုံးဝန်းသော မျက်ဝန်းနက်နက်ကြီးများဖြင့် လှည့်ပတ်ကြည့်နေရင်း ဟော်ရှောင်းရှောင်းတစ်ယောက် သူ့ကိုပြုံးပြလိုက်သည်။ ထို့နောက် သူမ၏ ခြေထောက်တိုတိုတုတ်တုတ်လေးများဖြင့် ပြန်လှည့်ကာ မြှားတစ်စင်းကဲ့သိုပင် ဟော်ဆွေ့ချန်းထံသို ဦးတည်လိုက်သည်။

ဟော်ရှောင်းရှောင်း၏ အလွန်ရဲလွန်းသော လှုပ်ရှားမှုများသည် သူမအဖေကို တုန်လှုပ်စေခဲ့သည်။

သူ့မျက်နှာသည် အကြီးအကျယ်ပြောင်းလဲသွားပြီး သူသည် စိုးရိမ်တကြီးဖြင့် လှမ်းဖမ်းလိုက်၏။ သူ့လက်များနှင့် သူ၏ရင်ဘတ်ကျယ်ကြီးသည် ရေကန်အစွန်းနားမှ ခုန်ချလာခဲ့သော ဟော်ရှောင်းရှောင်းကို အမိအရဖမ်းဆီးနိုင်ခဲ့သည်။

" ဟော်ရှောင်းရှောင်း!"

သူမ အမှားတစ်ခုခုပြုလုပ်ခဲ့သည်ဟု မခံစားရသောကြောင့် ဟော်ရှောင်းရှောင်းသည် ဟော်ဆွေ့ချန်း၏လည်ပင်းကို ဖက်လိုက်ပြီး ခြေထောက်နှစ်ချောင်းလုံးကို ရေထဲသို့ နှစ်နေလေသည်။

" ဖေဖေ. . . ရေကူးပေး! "

ဟော်ဆွေ့ချန်းက " မင်းကို ဘယ်သူက ဒီလိုခုန်ချခိုင်းလို့လဲ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now