Chapter 68: ဖေဖေ သမီးကို မချစ်ဘူးလား

6.1K 916 19
                                    

Chapter 68: ဖေဖေ သမီးကို မချစ်ဘူးလား

“ ယီသခင်ကြီးရဲ့မွေးနေ့ပွဲက ဒီနေ့လေ... အဖေ မေ့သွားတာလား?? ”

ဟော်သခင်ကြီး ရုတ်တရက် သတိရသွားသည်။ “ ငါ့မှတ်ဉာဏ်ကို ကြည့်ပါဦး၊ ငါ မေ့တော့မလို့.... မွေးနေ့ပွဲဆိုတော့ ရှောင်းရှောင်းလည်း သွားလို့ရတာပဲ... ကလေးကို မင်းနဲ့အတူ ခေါ်သွားလိုက်... စောနလေးတင် အပြင်ထွက်ကစားချင်တယ်လို့ ပြောနေတာ ”

ဟော်ဆွေ့ချန်းက ထိုအကြံကို ငြင်းပယ်လိုက်သည်။ “ နောက်တစ်ခေါက်မှပဲ ”

သို့သော် တံခါးနောက်တွင် ခိုးနားထောင်နေသည့် ဟော်ရှောင်းရှောင်းသည် အားလုံးကို ကြားလိုက်ရသည်။

ကောင်းလိုက်တာနော်!! ဒါဆို သူမက ဒီမှာ တကယ်ကြီး ထောင်ကျနေတာပဲ!!

သူမ၏ဖေဖေသည် သူမ မပါဘဲ အပြင်ကိုသွား၍ရပေသည်။

သူမသည် ငယ်လွန်းပြီး စိတ်အနှောင့်အယှက်ပေးလွန်းသောကြောင့်လည်း ဖြစ်နိုင်သည်။

ထိုနေရာတွင် ပျော်စရာ အများကြီး ရှိနေချိန်မှာ ဘာလို့သူမကစားလို့ရအောင်  အပြင်ခေါ်မသွားတာလဲဆိုပြီး တံခါးကို တွန်းဖွင့်ပြီး မေးချင်လောက်အောင် ဟော်ရှောင်းရှောင်း စိတ်ပျက်နေခဲ့သည်။

သို့သော် ထပ်စဉ်းစားကြည့်လျှင် သူမသာ တံခါးကို ဤကဲ့သို့ဖွင့်လိုက်ပါက သူမ၏ဖေဖေ ငြင်းဆန်နေဦးမည်ပင်။

မဖြစ်ဘူး. . . သူမ တစ်ခုခု စဥ်းစားရမယ်. . .

အပြင်ဘက်မှ ခြေသံများကြားလိုက်ရသည်။

ဟော်ရှောင်းရှောင်း အောက်ထပ်ကို အမြန်ပြေးသွားကြည့်သောအခါ  ဝင်ပေါက်တွင် ကားရပ်ထားပြီး အသင့်ထိုင်နိုင်ရန် ကားတံခါး ဖွင့်ထားသည်ကို သူမတွေ့လိုက်ရသည်။ ဘယ်သူမှ ကြည့်မနေချိန်တွင် သူမ ထိုခရီးသည်ထိုင်ခုံသို့ ခိုးဝင်သွားလိုက်သည်။

ထိုင်ခုံ၏အောက်ခြေရှိ နေရာသည် လုံလောက်သည်ထက် ပိုပေသည်။ ယာဉ်မောင်းနှင့် သူမအဖေ မသိစေရန် ခရီးသည်ထိုင်ခုံပေါ်၌ အနက်ရောင်လက်ဆွဲအိတ်တစ်လုံးကို ယူလိုက်ပြီး မိမိကိုယ်ကို ပိတ်ဆို့လိုက်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now