Chapter 81: ဟော်ရှောင်းရှောင်း၏ Comeback (၂)

5.4K 887 20
                                    

Chapter 81: ဟော်ရှောင်းရှောင်း၏ Comeback (၂)

“ အမ်?”

" သမီး အိမ်မှာ ဖေဖေနဲ့နှစ်ရက်လောက် နေချင်တယ်လို့ "

" ခွေးပေါက်လေး. . . မင်းရဲ့အဘိုးနဲ့ မနေချင်တော့ဘူးလား??"

ဟော်ရှောင်းရှောင်း ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။  “ ဘိုးဘိုးက သမီးကို မူကြိုကိုပို့ချင်တာလို့ ဖေဖေကပြောတယ်။ ဘိုးဘိုးက … ရှောင်းရှောင်းနဲ့ မကစားချင်ဘူးလားဟင် ”

ဟော်ရှောင်းရှောင်း၏ စကားကိုကြားသောအခါ ဟော်သခင်ကြီးသည် ဟော်ဆွေ့ချန်းကိုကြည့်လိုက်ပြီး ဇွန်းကို စားပွဲပေါ်သို့ တင်လိုက်သည်။

" ဟမ့်! "

" . . . . " ဟော်ဆွေ့ချန်းလည်း သူ့သမီး၏ စကားလုံးများကို ကြားပြီးနောက် မိမိလက်ထဲရှိ ပေါင်မုန့်ကို ချထားလိုက်တော့သည်။ ထို့နောက် သူလည်း စားပြီးနေပြီဖြစ်သောကြောင့်   " ကျွန်တော် ဝပြီ. . . ကုမ္ပဏီမှာလည်း အလုပ်တွေ အများကြီးရှိတယ်. . . ဒါကြောင့် ကျွန်တော်အရင် သွားနှင့်တော့မယ် ”

စကားပြောပြီးနောက် သူသည်ထသွားကာ မြန်မြန်ထွက်ခွာသွားတော့သည်။

“ ဘိုးဘိုး ဖေဖေက…”

" ရှောင်းရှောင်း သမီးအဖေရဲ့ မဟုတ်တဲ့စကားကို နားမထောင်နဲ့. . . သမီးကို မူကြိုပို့ချင်တာ သူပဲ! သမီးရဲ့အဘိုးက သမီးကိုပို့ပါ့မလား?? အဘိုးက မင်းလေးနဲ့ ရက်နည်းနည်းလောက်တောင် တူတူနေချင်သေးတယ် "

ဟော်ရှောင်းရှောင်း မျက်တောင်ခတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

————

ဟော်အုပ်စု. . . ဥက္ကဌရုံးခန်း။

လုမင်တောင်အောက်တွင် သင်္ဂြိုဟ်ခဲ့သော ရှေးဟောင်းသင်္ချိုင်းဂူများ ရှိနေနိုင်သောကြောင့် ရှေးဟောင်းသုတေသန ပညာရှင်များအဖွဲ့က အတည်ပြုခြင်းမပြုမီ စီမံကိန်းကို ဆိုင်းငံ့ထားရသည်။

သို့သော် စီမံကိန်းကို တစ်ရက်နှောင့်နှေးစေခဲ့ပြီး နောက်ကျလျှင်ပင် ၎င်းသည် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုအတွက် ဆုံးရှုံးမှုများ ဖြစ်လာလိမ့်ပေမည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now