Chapter 72: အနိုင်ကျင့်ခြင်း (၂)

5.3K 876 16
                                    

Chapter 72: အနိုင်ကျင့်ခြင်း (၂)

" ဟုတ်တယ်၊ ဟုတ်တယ်၊ သားတို့က သူ့ကို ဘယ်လိုလုပ်အနိုင်ကျင့်နိုင်မှာလဲ... သူမကသာ ယီချန်းကို အနိုင်ကျင့်ခဲ့တဲ့သူပဲ "

" ကြည့်လေ၊ သူ မငိုနေဘူး... သားတို့ သူ့ကို အနိုင်မကျင့်ခဲ့ဘူး "

ဟော်ရှောင်းရှောင်း မငိုသည်ကို အစေခံများ တွေ့ကြသောကြောင့် တိတ်ဆိတ်သွားတော့သည်။ နောက်ဆုံးမှာတော့ ထိုကလေးများသည် ကိုင်တွယ်ရန် မလွယ်ကူပေ။

“ လာစမ်းပါ၊ ငါတို့ညီလေးကို တောင်းပန် ”

“ ဟုတ်တယ် တောင်းပန် ”

“ မင်း မတောင်းပန်မချင်း ထွက်သွားခွင့်မပြုဘူး ”

“…” ဒါက သူမကို တိုက်ခိုက်တော့မလို့လား??

ဒါပေမယ့် သူမရဲ့ကိုယ်လေးနဲ့ လူအုပ်ကြီးကို သူမ တစ်ယောက်တည်း မတိုက်နိုင်ဘူး။

ဒီနေ့ခေတ် ကလေးတွေ ဘာဖြစ်နေတာလဲ?? သူတို့က အရမ်းငယ်သေးပေမယ့် လူတစ်ယောက်ကို အနိုင်ကျင့်နေတာလား??

လူတိုင်း၏မျက်လုံးများက သူမပေါ်တွင် ကပ်ငြိနေသောကြောင့် သူမ အဝေးကို လမ်းမလျှောက်နိုင်ပေ။ သူမ... ငိုသင့်သလား။ သို့သော် သူမ၏ဂုဏ်သိက္ခာသည် အရေးကြီးသည်။

ရှုံးနိမ့်ခြင်းကို သူမ ဝန်ခံလိမ့်မည် မဟုတ်ပေ။ လူကြီးတစ်ယောက်စိတ်နှင့် သူမက ဤကလေးများဆီမှ အနိုင်ကျင့်မှုကို မည်ကဲ့သို့ ခံနိုင်မည်နည်း။

အရမ်း ရှက်ဖို့ကောင်းတယ်!!

ဟော်ရှောင်းရှောင်း သူမ ဤကလေးများကို အရှုံးမပေးနိုင်ပေ။

" နင် ငါ့ကို ထပ်သင်ပေးစေချင်ရင် အဆင်ပြေပါတယ် ဒါပေမယ့်... " ဟော်ရှောင်းရှောင်းက သူမဆန္ဒအတွက် စီစဥ်ထားသည်။ " နင်တို့အားလုံး ငါ့ကို တစ်မိနစ် ပါးဆွဲခွင့်ပြုရမယ် "

ယီချန်း သူ့ညီအစ်ကိုများကို ကြည့်လိုက်သည်။

" မင်း ယီချန်းကို သင်ပေးသရွေ့ မင်း အားလုံး လုပ်နိုင်တယ် "

" အင်း အားလုံး "

" ကောင်းပြီ၊ ဒါက အပေးအယူပဲ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now