Chapter 48: ကိုယ့်ပစ္စည်းတွေ ပြန်ယူတာကို ခိုးတယ်လို့ သတ်မှတ်နိုင်လား(၂)

6.1K 959 17
                                    

Chapter 48: ကိုယ့်ပစ္စည်းတွေ ပြန်ယူတာကို ခိုးတယ်လို့ သတ်မှတ်နိုင်လား(၂)

လူစုသည် ခမ်းနားစွာဖြင့် ဟော်အိမ်တော်သို့ ပြန်လာခဲ့ကြသည်။

ဆေးရုံမှ အိမ်သို့ သွားသောလမ်းတွင် ဟော်ရှောင်းရှောင်းသည် မပျော်မရွှင်ဖြစ်နေပြီး မည်သူမျှ သူမအား ရယ်မောအောင်မလုပ်နိုင်ပေ။

——

ညနေပိုင်း ဟော်ဆွေ့ချန်း ပြန်လာချိန်အထိ ဖြစ်သည်။

သူ ဧည့်ခန်းထဲသို့ ဝင်သွားချိန်တွင် သူ့ဖခင်သည် ဆိုဖာပေါ်တွင် မျက်မှောင်ကြုတ်ထိုင်နေကာ ဟော်ရှောင်းရှောင်းကတော့ သူမ၏ကစားစရာများနှင့် ဆော့နေသည်ကို တွေ့လိုက်ရသည်။

“ ဘာလို့ ဆေးရုံက စောစောဆင်းလာတာလဲ ”

ဟော်သခင်ကြီးက သူ့ကို မော့ကြည့်လိုက်သည်။  “ ငါ့မှာ ဘာမှလုပ်စရာမရှိဘူး...ငါ စစ်ဆေးမှုအားလုံး ပြီးသွားပြီ...ငါက ဆေးရုံမှာ ဘာလို့နေရဦးမှာလဲ ” ထို့နောက် သူသည် မတ်တပ်ထရပ်လိုက်သည်။ “ ကောင်းပြီ၊ လက်ဆေးပြီး ညစာအတွက်အဆင်သင့်ပြင်ထားတော့ ”

“ အင်း ”

မနေ့က စာကြည့်ခန်းထဲတွင် ပြင်းပြင်းထန်ထန်စကားများငြင်းခုံထားသည်ကို လူတိုင်း မေ့သွားသကဲ့သို့ပင်။

ငြင်းခုံနေစဉ်အတွင်း မည်သူမျှ သူတို့ မှားနေသည်ဟု မထင်ပေ။

ငြိမ်သက်ပြီးနောက်မှာပင် ထိုသားအဖသည် သူတို့ အမှားကို လုံးဝ ဝန်ခံလိမ့်မည်မဟုတ်ပေ။

ဟော်သခင်ကြီး အမှားဆိုလျှင်ပင် သူ၏တောင်းပန်သည့်ပုံစံမှာ ဒီတိုင်း “ စား ” ဆိုပြီး ဖြစ်လေသည်။

ထို့နောက် ကလေးများ ခေါင်းငုံ့ကာအလျော့ပေးသည့်ပုံစံသည် သူ တုန့်ပြန်နိုင်သည့် တစ်ခုတည်းသော ပုံစံဖြစ်သည်။

ထမင်းစားပွဲပေါ်ရှိ အစားအသောက်များသည် ပူနေသော်လည်း တူများ တိုက်မိသည့် အသံကိုတော့ မကြားရပေ။

လေထုသည် တကယ့်ကို သိမ်မွေ့နေသည်။

ဟော်ရှောင်းရှောင်းသည် ထိုနှစ်ဦးအား အနီးကပ် တစ်ချက်ကြည့်ကာ ပန်းကန်လုံးမှ အစိမ်းရောင် ဟင်းသီးဟင်းရွက်လေးများကို ခွဲထုတ်လိုက်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now