Chapter 12: ငါ့မြေးလေးက ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ (၃)

7.3K 954 5
                                    

Chapter 12: ငါ့မြေးလေးက ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ (၃)

ဟော်ဆွေ့ချန်းလည်း သူ့ဆဲလ်ဖုန်းကို ထုတ်လိုက်ကာ ဖုန်းခေါ်ရင်း စီစဥ်လိုက်တော့သည်။" ငါ မနက်ဖြန် ကုမ္ပဏီမှာ မင်းကို စောင့်နေမယ်...ငါ လုပ်စရာရှိလို့ အရင်ချလိုက်တော့မယ်.. "

" ခဏနေဦး ကလေးရဲ့နာမည်က ဘာလဲ.. "

ဟော်ဆွေ့ချန်းလည်း " ဟော်ရှောင်းရှောင်း "ဟု သာမန်ကာလျှံကာ မပြောခင် ခဏလောက်စဥ◌်းစားမိသွားလေသည်။

ကလေး ထက်မြက်ပြီး ချစ်ဖို့ကောင်းတယ်...အဖေ့အနေနဲ့ သူမကို သဘောကျသင့်တယ်နော်..

————

တော်ဝင်သစ်ခွဗီလာ

နို့သောက်ပြီးလို့ ဒိုက်ပါ လဲပြီးတဲ့နောက်မှာတော့ နာနီနဲ့ ကစားရင်း ပင်ပန်းသွားသည့် ဟော်ရှောင်းရှောင်းလည်း ခဏလောက်အိပ်လိုက်တော့သည်။ ထို့နောက် မတူညီတဲ့နေရာမှာ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ နိုးလာတော့သည်။

" အရမ်းကို ကောင်းကောင်းပြုမူတာပဲ ဒါက ငါ့မြေးမလေးလား.. "

ဟော်ရှောင်းရှောင်းလည်း ထောင့်နားက ကြင်နာတတ်တဲ့လူအိုကြီးကို မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့သည်။

" ကလေးမလေးက နိုးလာတာနဲ့ ငါ့ကို ပြုံးပြနေတာပဲ... "

" သခင်မလေးက သခင်ကြီးရဲ့မြေးမလေးပဲ...ဒါကြောင့် သေချာပေါက် သူမက သခင်ကြီးကို ပြုံးပြချင်နေတာပဲ...သခင်မလေးက ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ ကြည့်ပါလား...သူမရဲ့မျက်လုံးလေးတွေ နှာခေါင်းလေးတွေက သခင်လေးနဲ့ တော်တော်တူတယ်.. "

" ကလေးတုန်းက အဲ့ကောင်စုတ်လေးက အရမ်းကို ဆူညံနေတာပဲ...သူက ငါ့မြေးမလေးလို ဘယ်လိုလုပ်ချစ်ဖို့ကောင်းမှာလဲ.. " သခင်ကြီးဟော်က ကလေးကို ချော့မြူနေပြီး သူ့ရဲ့မျက်လုံးတွေကလည်း သူ့အချစ်တွေအားလုံးကို ပြသနေလေသည်။ " ကလေးလေးကို ကြည့်ပါဥ◌ီး...သူမက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ...ကလေးက ငိုလည်း မငိုဘူး ဆူညံအောင်လည်း မလုပ်ဘူး...ဒါနဲ့ မင်း ကလေးနို့ဘူးကို ဆေးပြီးပြီလား.. "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now