Chapter 150: အလတ်တန်း (၄)
အချို့လူများ ပျော်ရွှင်နေကြသော်လည်း အခြားသူများက မပျော်ရွှင်ကြပေ။
အတန်းငယ်စာသင်ခန်း၌ ကျိုးကျိုးသည် ကျောပိုးအိတ်လေးနှင့် စာသင်ခန်းထဲသို့ ၀င်လာသည်။ စာသင်ခန်းထဲသို့ ၀င်လာသည်နှင့် သူက သူ့ကျောပိုးအိတ်လေးကို locker ထဲသို့တိတ်တဆိတ် ထည့်ကာ သော့ခတ်လိုက်ပြီးနောက် locker ရှေ့တွင် အစောင့်တစ်ယောက်လို ရပ်လိုက်သည်။
သူ့အိတ်လေးထဲတွင် သူ့အမေ ဒီမနက်က သူ့ကို ဒီပေးထားသော ချောကလက်ရှိလေသည်။ အဲဒါက ဟော်ရှောင်းရှောင်း စားပြီးသည်နှင့် ကြိုက်သွားသည့် ချောကလက်ဖြစ်သည်။ သူ ဒီနေ့ နောက်ထပ်အများကြီး ယူလာခဲ့သည်။ အတန်းထဲက ကလေးတိုင်းက တစ်ခုဆီ တောင်းခဲ့ရင်တောင် ဟော်ရှောင်းရှောင်း စားဖို့ အများကြီး ကျန်နေဦးမှာပင်။
" ကျိုးကျိုး၊ မင်း ဒီမှာဘာလို့ရပ်နေတာလဲ?? "
" ဘာမှမဟုတ်ဘူး! ငါ ရပ်ချင်တဲ့နေရာမှာ ငါ ရပ်မယ်! မင်း ဟော်ရှောင်းရှောင်းကို တွေ့မိသေးလား??"
" မတွေ့မိဘူး "
" သူ ဘာလို့မလာသေးတာလဲ "
' သူ နောက်ကျနေတာဖြစ်မယ် '
ကျိုးကျိုး စာသင်ခန်းအပြင်သို့ ကြည့်လိုက်ချိန်တွင် ဆရာမ ဝင်လာသည်။
" ကလေးတို့၊ လာနားထောင်ကြ၊ ဆရာမ ပြောစရာရှိတယ် "
စာသင်ခန်းထဲရှိ ကလေးများသည် ဆရာမဘက်သို့ အာရုံစိုက်လာကြသည်။
" လူတိုင်း အခုထိ မလာသေးတဲ့ အတန်းဖော်တစ်ယောက်ကို သတိထားမိကြလား?? "
စာသင်ခန်းထဲက ကလေးတွေက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဘယ်သူ မရောက်သေးလဲဆိုတာကို ကြိုးစားရှာဖွေနေကြသည်။
" ဟော်ရှောင်းရှောင်း မလာသေးဘူး "
ဘယ်သူအော်မှန်း ဘယ်သူမှမသိကြပေ။
" ဟုတ်တယ်၊ ဟော်ရှောင်းရှောင်း မလာဘူး၊ ဒီနေ့ကစပြီး ဟော်ရှောင်းရှောင်းက ဆရာမတို့အတန်းမှာ စာသင်မှာ မဟုတ်တော့ဘူး၊ သူမက အလတ်တန်းကို ပြောင်းသွားပြီ၊ လူတိုင်း ...... "
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.