Chapter 71: အနိုင်ကျင့်ခြင်း (၁)

5.8K 900 23
                                    

Chapter 71: အနိုင်ကျင့်ခြင်း (၁)

နောက်ဆုံးတွင်တော့ ဟော်ရှောင်းရှောင်းသည် လူကြီးတွေက ဘာဖြစ်လို့များ သူမမျက်နှာလေးကို ညှစ်ချင်ကြတာလဲဆိုတာကို နားလည်သွားတော့သည်။

ကလေးများ၏မျက်နှာလေးများသည် အခွံထဲက ကြက်ဥလေးလိုမျိုး ချောမွေ့ပြီးနူးညံ့လေ၏။ ထို့ကြောင့် ဖွဖွလေးဆွဲညှစ်လိုက်သည့်အခါ အိစိအိစိလေးဖြစ်နေပုံရသည်။

ဒီခံစားချက်လေးကို ဘယ်သူက မစွဲလမ်းဘဲနေမှာလဲ??

ဒါက စကားနဲ့တောင် ဖော်ပြလို့မရဘူး!!

ကျားသာမရှိပါက မျောက်ဆိုသည့်အမျိုးသည် သူ့ကိုယ်သူ ဘုရင်အဖြစ် ကြေညာလိမ့်မည်ဖြစ်သည်။

၂ နှစ်ကြာမျှ ကလေးငယ်လေးတစ်ဦးအဖြစ် ဟန်ဆောင်ပြီးသည့်နောက် ဟော်ရှောင်းရှောင်းသည် နောက်ဆုံးတွင်တော့ ဤကလေးအုပ်စုအတွင်း ဆရာမကြီးအဖြစ်သို့ ရောက်ရှိခဲ့သည်ပင်။

သူမဖေဖေကိုတောင် သူမလှည့်စားနိုင်မယ်ဆိုရင် ဒီ သုံးလေးနှစ်အရွယ် ကလေးလေးတွေကကော ဘာလေးတွေမို့လို့လဲ??

ထို့အပြင် ဤကလေးလေးသည် အလွန်ချစ်စရာကောင်းလေသည်။ ထိုကောင်လေးသည် ငိုယိုခြင်း၊ ပြဿနာရှာခြင်း ၊ စိတ်ဆိုးဒေါသထွက်ခြင်းများ မလုပ်ပေ။ ထို့ကြောင့်ပင် ' ငါမင်းကို သည်းခံနေတယ် ' ဟူသော အမူအယာဖြင့် လူကြီးယောင်ဆောင်နေသည့်ကောင်လေးကို သူမကပို၍ပင် အနိုင်ကျင့်ချင်နေတော့သည်။

ဟော်ရှောင်းရှောင်းက ထပ်မံကတိပေးလိုက်ပြီး တစ်မိနစ်ပြီးတစ်မိနစ် သူ့ပါးကို အရှက်မဲ့စွာ ထိတွေ့နေတော့သည်။

ဟော်ရှောင်းရှောင်း၏ ထိန်းချုပ်မှုအောက်တွင် ရုန်းကန်နေခဲ့ရသော ယီချန်းသည်တော့ ဘယ်အချိန်တွင် ဟော်ရှောင်းရှောင်း၏ ဤအရှက်ကင်းမဲ့မှုကြီး ပြီးဆုံးမည်ကိုစဥ်းစားရင်း မျက်နှာလေးမှာ အနီရောင်တောက်ပလာတော့သည်။

" ရပြီ!" ယီချန်းသည် ဤအရှက်မရှိဟော်ရှောင်းရှောင်း၏ အပြစ်ရှိသောလက်များကို မဖယ်ထုတ်မီ နောက်ဆုံးစက္ကန့်ခြောက်ဆယ်လောက် တွေးတောဆင်ခြင်လိုက်သေးသည်။ " ပြီးပြီ!! "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now