Chapter 57: သူမရဲ့လက်စားချေမှု (၁)
ဟော်ရှောင်းရှောင်း အလွန်ဒေါသထွက်ခဲ့လေသည်။
သူမသည် အရင်ဘဝက ကမ္ဘာမြေကြီးကိုများဖျက်ဆီးပစ်ခဲ့တာမျိုးလား၊ ဒါမှမဟုတ် သူမ၏နောက်ဆုံးဘဝတွင် ကွယ်လွန်သွားသော သူမ၏အဘိုးရဲ့ အဘိုးရဲ့ အဘိုးကို မကူညီခဲ့လို့များလားတော့မသိပေ။ ဤဘ၀တွင်တော့ သူမတွင် ထိုကဲ့သို့ဖခင်ရရှိမည့် ကံကြမ္မာကြီးကို ခံစားခဲ့ရသည်ပင်။
သူမအဖေ၏စကားများသည် သူ့လုပ်ရပ်များနှင့် လျောက်ပတ်သင့်တော်နေပါရဲ့လား??
ဒါမှမဟုတ် သူလာနောက်နေတာများလား??
သူမကို ခွေးတွေကိုထိန်းတဲ့ကြိုးနှင့်အတူ တွဲချည်ထားတယ်??? ဘာလဲ. . . ဒါဆိုရင်တော့ သူမချော်မလဲတော့ဘူးပေါ့??
ထိုသူက သူမကို ခွေးတစ်ကောင်လိုများ ဆက်ဆံနေခဲ့တာလားဟင်??
သူမသာ ခွေးဖြစ်သွားရင် ဟော်ဆွေ့ချန်းကရော ဘာတဲ့လဲ???
ခွေးမလေးရဲ့ ဖေဖေကြီးပေါ့?!
ဟော်ရှောင်းရှောင်းသည် ဟော်ဆွေ့ချန်းကို ဒေါသတကြီးဖြင့် ကြည့်လိုက်၏။ သူမ၏ မျက်လုံးများသည် ကြေးနီခေါင်းလောင်းများကဲ့သို့ ကျယ်ကျယ်ဖွင့်ထားလိုက်ကာ လျှပ်စီးကဲ့သို့သော စူးစူးရဲရဲများ အဆက်မပြတ်ပစ်လွှတ်နေတော့သည်။ သူမ၏လက်ကိုဆန့်လိုက်ကာ ထိုကြိုးပေါ်တွင်ဂယက်ထအောင်လုပ်လိုက်သည်။ မြွေပုံသဏ္ဍာန်ဂယက်သည် ဟော်ဆွေ့ချန်း၏ လက်ကောက်ဝတ်ဆီသို့လှိမ့်သွားတော့သည်။
သို့သော်လည်း သူမတွင် ခွန်အားမရှိသောကြောင့် ထိုဂယက်မှာ ဟော်ဆွေ့ချန်း၏ ဆံပင်တစ်ပင်ကိုတောင် မတိုက်ခိုက်နိုင်ဘဲ တစ်ဝက်လောက်အရောက်တွင် ပျက်ပြယ်သွားတော့သည်။
ဟော်ဆွေ့ချန်းသည်တော့ သူကိုင်ထားသည့်ကြိုးသည် သူ့ရှေ့နားတွင်ရောက်နေသော ခွေး၏လည်ပတ်ကြိုးနှင့် အရောင်အတူတူပင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဟော်ရှောင်းရှောင်း၏ မျက်လုံးလေးများကိုကြည့်လိုက်ကာ သူသည် မိမိကိုယ်ကိုရှင်းပြချင်သော်လည်း သူ၏ ဤခေါင်းမာသောကလေးမလေးသည် နားထောင်မည်မဟုတ်ကြောင်းကို သူသိနေလေသည်။
![](https://img.wattpad.com/cover/254492568-288-k270434.jpg)
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.