Chapter 17: ဖေဖေက ပိုအရေးကြီးတယ် (၁)

7.5K 1K 4
                                    

Chapter 17: ဖေဖေက ပိုအရေးကြီးတယ် (၁)

သူမ စိတ်မလှုပ်ရှားဘူးလို့ ပြောတာက လိမ်ပြောတာပဲ. . .

ဟော်ရှောင်းရှောင်း တစ်လလုံး ကလေးခုတင်ထဲမှာပဲ လှဲနေခဲ့သည်။ သူမ၏ခြေလက်များ ဆုတ်ယုတ်လာသည်ဟု သူမ ခံစားလိုက်ရသည့်အချိန်တွင် သူမ နောက်ဆုံးတော့ တွားသွားဖို့ သင်ယူခဲ့သည်။

သူမ တွားသွားဖို့ သင်ယူသည့်အချိန်ကတည်းက သူမ၏လက်နဲ့ခြေများသည် သိပ်အနားမယူရသေးပေ။ ထို့ပြင် သူမသာ မြေပြင်ပေါ်တွင် တွားသွားနိုင်ပါက သူမ မည်သည့်အခါမှ သူမ၏ခုတင်ပေါ်တွင် ငါးဆားနယ်တစ်ကောင်လို လှဲနေမည်မဟုတ်ပေ။

သူမ လမ်းလျှောက်ဖို့ ရှစ်လကြာ သင်ယူပြီးသည့်နောက်တွင် သူမ နေ့တိုင်း သူမ၏ခြေတိုလေးနှစ်ချောင်းဖြင့် အိမ်တော်ပတ်ပတ်လည်ကို အေးအေးလူလူ လမ်းလျှောက်တော့သည်။

အခု သူမ စကားပြောနိုင်သောကြောင့် ဟော်ရှောင်းရှောင်း အရမ်းစိတ်လှုပ်ရှားလွန်းလို့ သူမရဲ့မျက်လုံးတွေက မျက်ရည်တွေနှင့် ပြည့်နေတော့သည်။ သူမ၏တုန်ယင်နေသည့် ခြေထောက်လေးတွေနဲ့ သူမ ဟော်ဆွေ့ချန်းဆီကို ပြေးသွားလိုက်သည်။ သူမ စကားပြောနိုင်ကြောင်း သေချာစေရန် သူမပါးစပ်က မရပ်မနား ဗလုံဗထွေးရွတ်နေခဲ့သည်။ သူမသည် လူကြားထဲက ရိုင်းပျပုံပေါ်နေသည့် သူမ၏ပုံရိပ်ကို ဥပေက္ခာပြုထားလိုက်တော့သည်။

ငါးမီတာ ခြောက်မီတာလောက်အကွာတွင် သူမလေးသည် သူမ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကာ တစ်ဟုန်ထိုး ပြေးသွားလိုက်ပြီး သူမလက်များထဲမှ လက်ဆောင်များကို တင်းတင်းကျပ်ကျပ်ဆုပ်ထားရင်း ဟော်ဆွေ့ချန်းရဲ့လက်မောင်းတွေထဲကို ခုန်ဝင်လိုက်တော့သည်။ သူမ၏ပါးစပ်သေးသေးလေးက သူမ၏နားရွက်နောက်ထိ ရောက်နေပြီဖြစ်သည်။ ကျဥ်းလွန်းသည့် အရာလေးထဲတွင် အနက်ရောင်စပျစ်သီးလို သူမရဲ့မျက်လုံးကြီးတွေနှင့် သူမက သူမအဖေကို လုံးထွေးနေတဲ့အသံနှင့် အော်ခေါ်လိုက်သည်။

ဒါက ဗီဇဖြစ်ပုံရပေသည်။ သို့သော်လည်း သူ သူမအား ကြည့်ရန် လှည့်လိုက်သည့်အချိန်တွင် ဟော်ဆွေ့ချန်း၏စိတ်သည် ဟော်ရှောင်းရှောင်းထက်ပင် ပိုမြန်နေခဲ့သည်။ သူ့လက်မောင်းတွေကလည်း တောင့်တင်းမနေခဲ့ပေ။ အလိုအလျောက်ပင် သူက ကြိုတင်ပြင်ဆင်ထားပြီး သူ့သမီးကို သူ့လက်မောင်းထဲတွင် ပွေ့ထားလိုက်တော့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now