Chapter 54: သူမ ကစားချင်တယ်(၂)

6K 935 10
                                    

Chapter 54: သူမ ကစားချင်တယ်(၂)

သူမ ဟော်ရှောင်းရှောင်းသည် သေလောက်အောင် ပင်ပန်းနေလျှင်ပင် အပြင်တွင် ခုန်ချသေသည်ကဲ့သို့သော ရှက်ဖွယ်ကောင်းသောအရာများကို ဘယ်သောအခါမျှလုပ်လိမ့်မည်မဟုတ်ပေ။

မှတ်သားစရာမှာ နောက်ရက်အနည်းငယ်တွင် ပုံမှန်အားဖြင့် ဟော်ရှောင်းရှောင်း၏ရယ်သံလွင်လွင်လေးဖြင့် ပြည့်နှက်နေသည့် ဟော်အိမ်တော်သည် ရုတ်တရက် တိတ်ဆိတ်သွားမည်ဖြစ်သည်။

ဟော်ရှောင်းရှောင်းကား ပြုံးရခြင်း၊ ပြေးရခြင်းကို သဘောမကျတော့ပေ။

တစ်နေ့လုံး ဟော်ရှောင်းရှောင်းသည် မရင်းနှီးသောမျက်လုံးတစ်စုံဖြင့် အိပ်ယာပေါ် တက်လိုက် ဆင်းလိုက် ထပ်ခါထပ်ခါလုပ်နေပြီး ကြမ်းပြင်ပေါ်တွင် တွားသွားနေသည်။ တစ်ခုခုကို အနည်းငယ် မကျေနပ်ပါက သူမ စတင်အော်ဟစ်လိမ့်မည်ဖြစ်သည်။

ထိုသည်သာမက အခြားသူများနှင့် စကားပြောရသည်ကိုလည်း သူမ မနှစ်သက်တော့ပေ။

တစ်ချိန်တုန်းက သူမကို ဖုန်းဆက်သည့်အခါ သူမက သင့်ဆီသို့ ၀မ်းသာစွာဖြင့် ဖုန်းဖြေပြီး သူမ တစ်နေ့လုံး ဘာတွေလုပ်နေလဲဆိုတာကို လက်တွေ့တွင် ရှုပ်ထွေးသည့် စကားလုံးနှစ်လုံးဖြင့် ဗလုံးဗထွေးဖြစ်စွာ သင်နှင့် စကားပြောလိမ့်မည်ဖြစ်သည်။

အစပိုင်းမှာတော့ ဟော်သခင်ကြီးသည် သူမ ဤအရာအားလုံးကို သင်ခန်းစာများမှ လွတ်မြောက်ရန်သာ လုပ်နေသည်ဟု စဉ်းစားခဲ့သည်။ သို့သော်လည်း နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ကိုယ်ရံတော်များပင် တစ်ခုခုမှားနေသကဲ့သို့ စတင်ခံစားလာရတော့သည်။ သူမ သူတို့ကို အရင်လို ဘာလို့စကားလာမပြောတော့တာလဲဟု သူတို့ သတိရနေကြောင်း လာမေးကြသည်။

ဤကဲ့သို့သောမေးခွန်းထုတ်ခံရခြင်းကြောင့် ဟော်သခင်ကြီးလည်း တကယ် တစ်ခုခုမှားနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ဟော်ဆွေ့ချန်းအား ဒီကိစ္စကို အကြောင်းကြားခဲ့သည်။

ဟော်ဆွေ့ချန်းသည် အခုချိုလိမ်ကို ကိုက်ရင်း ပူဖောင်းများ လုပ်နေသည့် ဟော်ရှောင်းရှောင်းကို ကြည့်နေရင်း ပြောလိုက်သည်။ " ကျော်ကြားတဲ့ကလေးအထူးကုကို ကျွန်တော် သိတယ်...ကျွန်တော် သူ့ကို ရှောင်းရှောင်းကို ဆေးစစ်ဖို့ ဖိတ်ခေါ်လိုက်မယ် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now