Chapter 78: အငြင်းပွားကြခြင်း (၁)
ဟော်ရှောင်းရှောင်း အံ့အားသင့်သွားကာ သူမနားကိုပင် မယုံနိုင်ဖြစ်သွားတော့သည်။
သူမကို ပင်လယ်ထဲ ပစ်ချခိုင်းတာလား??
ရက်စက်သည့် ကျားတစ်ကောင်လျှင်ပင် သူ့သားပေါက်များကို စားလိမ့်မယ်မည် မဟုတ်ပေ။သူမဖေဖေက အရမ်းရက်စက်တော့မှာလား??
မဟုတ်ပါဘူး. . . ဒါက ခြောက်လှန့်နေတာပဲ ဖြစ်ရမယ်။
ဟုတ်််တယ်၊ သူမကို ခြောက်လှန့်နေတာမလား???
“ မဖြစ်နိုင်ဘူး ”
" ဘာကိုမဖြစ်နိုင်တာလဲ '' ဟော်ဆွေ့ချန်း မေးလိုက်သည်။
" သမီးကို... ပင်လယ်ထဲ မပစ်ချပါနဲ့ "
ဟော်ရှောင်းရှောင်း၏ကြောက်လန့်မှုကြောင့် ပြူးကျယ်နေသည့် မျက်လုံးတွေကို ကြည့်ရင်း ဟော်ဆွေ့ချန်း သူမပါးလေးကို ဆွဲညှစ်ပြီး ပြောလိုက်သည်။ " လိမ်လိမ်မာမာနေလေ...ဒါဆို မင်းလေးကို အဝေးကို မစွန့်ပစ်တော့ဘူး "
ထိုအရာကို ကြားသည့်အခါ ဟော်ရှောင်းရှောင်း သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
ဟော်ဆွေ့ချန်း သူမ၏ညှိုးငယ်နေသည့် မျက်နှာကို ကြည့်ရင်း အတော်လေးစိတ်ကျေနပ်သွားတော့သည်။ ချက်ချင်းပင် အစောပိုင်းကပေါက်ကွဲနေသည့် သူ့ဒေါသသည် ပျောက်ကွယ်သွားပြီး သူမကို ချီကာ စားပွဲနောက်တွင် ထိုင်လိုက်သည်။ " မင်း ဘာလို့မအိပ်သေးတာလဲ... နောက်ကျနေပြီမလား "
" သမီး...သမီး ဖေဖေနဲ့ တူတူရှိချင်လို့ "
" ဖေဖေ့မှာ လုပ်စရာတွေ ရှိသေးတယ်...သမီး အရင်သွားအိပ်လိုက်...လာ၊ ဖေဖေ သမီးကို အခန်းထဲ ပြန်ပို့ပေးမယ် "
သူ ထလိုက်ချိန်တွင် ဟော်ရှောင်းရှောင်း သူ့လည်စည်းကို ဆွဲလိုက်ပြီး အောက်ဘက်သို့ ပြန်ဆွဲချလိုက်သည်။ ထို့ကြောင့် လည်ပင်းကို မတော်တဆ အစ်မိသွားသေးသည်။ " ဖေဖေ. . . သမီး ဖေဖေ့ကို... ပြောချင်တာရှိတယ် "
“ အင်း… ” ဟော်ဆွေ့ချန်း ခေါင်းညိတ်ပြီး နှစ်ကြိမ်ချောင်းဟန့်ကာ လည်စည်းကို ဖြေလျှော့ရန် သူမလက်ကို ဆွဲယူလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှုလိုက်တော့သည်။ " …ဘာဖြစ်လို့လဲ "
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.