Chapter 112: ချွဲအီတတ်ရမယ် (၁)
သူမရှေ့မှာ ခါးပတ်ကြီးနဲ့... ရပ်နေတယ်...
ဤပုံစံသည် ဟော်ရှောင်းရှောင်းစိတ်ထဲ အလိုအလျောက် ပေါ်လာပြီး သူမကို ရုတ်တရက် အနည်းငယ်နာကျင်စေသည်။
ဟွန့်...အဲ့ဒါက စာရွက်စာတမ်းနည်းနည်းပဲဟာ။ သူမဖေဖေ ဒီလောက်မရက်စက်သင့်ဘူး၊ ဟုတ်တယ်မလား??
မဟုတ်ဘူး၊ သူမအဖေဘက်ကနေ သူမ ကောင်းကောင်း မတွေးပေးနိုင်ဘူး။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူမ အခု ဒီအချက်ကို အာရုံမစိုက်သင့်ဘူး။ သူမကို ရိုက်နှက်တာနဲ့ယှဥ်ရင် ဤ ANZ စီမံကိန်းက ပိုအရေးကြီးတယ်။
သူမဖေဖေ ANZ စီမံကိန်းမှာ တကယ် ပါဝင်ပတ်သက်ခဲ့ရင် သိပ်မကြာခင်မှာပဲ ဟော်မိသားစုက ဒေဝါလီခံရတော့မှာလား??
မူလဇာတ်ကြောင်းမှာ လုမင်တောင်စီမံကိန်းကြောင့် ဟော်ဆွေ့ချန်းက ပေါင်းစည်းရေးကဏ္ဍမှာ ဂုဏ်သတင်း ကျဆင်းသွားတယ်။ အဲ့ဒါကြောင့် သူ့အားထုတ်မှုအားလုံးကို ANZ စီမံကိန်းပေါ်မှာပဲ အာရုံစိုက်ထားခဲ့တယ်။ နောက်ပြီးတော့ သူမဖေဖေရဲ့လုမင်တောင်စီမံကိန်းကလည်း ရပ်ဆိုင်းထားရတယ်။ အတိုင်းအတာတစ်ခုလောက်အထိ သူက ဇာတ်ကြောင်းထဲကလို ခက်ခဲတဲ့ အနေအထားမှာ ရှိနေတယ်။
ဟော်ရှောင်းရှောင်း အံဆွဲထဲရှိ မှင်စွန်းထားသော စာရွက်စာတမ်းများကို ကြည့်လိုက်သည်။
ANZ စီမံကိန်းက သူမဖခင်အတွက် အရေးပါလိမ့်မယ်။
နောက်ကျရင် သူက သူမကို ပြင်းပြင်းထန်ထန် ရိုက်မှာ သေချာတယ်။
သူမ၏မှတ်ဥာဏ်အားလုံးကို လှန်လှောရှာဖွေသော်လည်း အရင်က ရိုက်နှက်ခံရသည့် အတွေ့အကြုံကို ရှာမတွေ့ပေ။
" ရှောင်းရှောင်း၊ မင်း ပြီးပြီလား " ယီချန်းကတံခါးနားတွင် ဆောင့်ကြောင့်ထိုင်ကာ သူမကို အသံတိုးတိုးဖြင့် မေးသည်။
ဟော်ရှောင်းရှောင်း အတွေးနယ်ချဲ့နေရာမှ ပြန်ရောက်လာပြီး အံဆွဲကို ပိတ်ကာ ခွေးခြေခုံပေါ်သို့ ဆင်းလိုက်သည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.