Chapter 95: ဖေဖေတော့ ပိုက်ဆံများများရှာနိုင်အောင် ကြိုးစားရမယ် (၃)
" ဟုတ်ပြီ ကျုပ်သားက ခင်ဗျားရဲ့သားကို ထိုးခဲ့တယ်. . . ဘာပဲဖြစ်ဖြစ် ထိုးတဲ့သူတွေအားလုံး မှားကြတာပဲ. . . သူတို့လည်း ကျုပ်သားကို တောင်းပန်ရမယ် "
" ကျင်းကျင်းအဖေ. . . နားဝင်ဆိုးသွားရင်တော့ ဆောရီးပါ။ သိထားဖို့က ကလေးတွေကြီးလာတဲ့အခါ အကြမ်းဖက်သမားတွေဖြစ်မလာအောင် ကောင်းကောင်းလေး သွန်သင်ပေးထားသင့်တယ် "
ဟော်ရှောင်းရှောင်း ဟော်ဆွေ့ချန်း၏လည်ပင်းကို ပွေ့ဖက်လိုက်သည်။
ထိုသူတွေက ဆက်ဆံရတာ လွယ်မည့်ပုံမပေါ်ပေ။
ဟော်ရှောင်းရှောင်း၏ သူ့လည်ပင်းကိုဖက်တွယ်လာသော တင်းကြပ်သည့်အင်အားကို ခံစားလိုက်ရသဖြင့် ဟော်ဆွေ့ချန်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ကျောင်းအုပ်ကြီးရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး နူးညံ့သိမ်မွေ့သော်လည်း ရန်လိုနေသည့်အမျိုးသမီးအနည်းငယ် ဆိုဖာပေါ်မှာထိုင်နေသည်ကို တွေ့လိုက်ရ၏။
"မစ္စတာဟော်. . . ကျေးဇူးပြုပြီး ဒီမှာ ထိုင်ပါ "
ဟော်ဆွေ့ချန်း ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
" အားလုံးပဲ. . . ကျွန်တော်မိတ်ဆက်ပေးပါရစေ၊ ဒါက ဟော်ရှောင်းရှောင်းရဲ့အဖေ မစ္စတာဟော်ပါ... "
" ဟုတ်ပါပြီ မစ္စတာဟော်. . . .ကျောင်းအုပ်ကြီးက ကျွန်မကိုအကြောင်းကြားခဲ့တာကတော့ ရှင့်ရဲ့သမီးကို ကျွန်မသားက အနိုင်ကျင့်တယ်တဲ့လေ. . . အဲဒါကြောင့် ဒီကလေးတွေက ကျွန်မသားကို ရိုက်နှက်ခဲ့ကြတယ်။ ဒါပေမယ့်လေ ကျွန်မသားလေးက အမြဲနာခံတတ်ပြီး တစ်ခြားသူကို ဘယ်တုန်းကမှ စပြီးအနိုင်ကျင့်လေ့မရှိပါဘူး. . . ရှင့်သမီးကို ကျွန်မက မေးချင်လို့ပါ. . . ကျွန်မသားက သူ့ကိုတကယ်ရော အနိုင်ကျင့်ခဲ့တာလားလို့လေ "
ဟော်ရှောင်းရှောင်းသည် သူတို့မိဘများဘေးတွင် တိတ်တဆိတ်မတ်ရပ်နေကြသော လုကျင်းရီနှင့် ရှန်းချန်တို့အပြင် အိမ်ထိန်းများဘေးတွင်ရပ်နေကြသော ယီချန်းနှင့် ကျန်းယွဲ့တို့ကို ကြည့်လိုက်မိသည်။ သူတို့အမှားလုပ်ခဲ့သည်ကို သူမချက်ချင်းသိသွားသည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.