Chapter 98: မေမေ မလိုချင်ဘူး! (၂)

6.2K 1K 24
                                    

Chapter 98: မေမေ မလိုချင်ဘူး! (၂)

ဟော်ဆွေ့ချန်း မြေးအဖိုးနှစ်ယောက်ကို စိတ်မဝင်စားစွာ ကြည့်လိုက်သည်။

“ ဘိုးဘိုး၊ မဟုတ်ဘူးနော်. . . သမီး မူကြိုကျောင်းကို တကယ် သွားချင်တယ်...စိတ်မပူပါနဲ့၊ တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်ရင် သမီး ဆရာမကို ပြောလိုက်မယ်...ပြီးတော့ သမီးကို ကာကွယ်ပေးမယ့် အခြားကလေးတွေလည်း ရှိပါသေးတယ် ” ဟော်ရှောင်းရှောင်းက ပြုံးရယ်ရင်း ပြောသည်။ “ ဘိုးဘိုး၊ အိမ်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်နော်...သမီး ဘိုးဘိုးကို လွမ်းတဲ့အခါ ဘိုးဘိုးကို ဖုန်းခေါ်လိုက်မယ်နော် ”

သူမလက်ကောက်ဝတ်ပေါ်က စမတ်နာရီကို ပြရန်လက်ကို မြှောက်ပြလိုက်သည်။

ဟော်သခင်ကြီးက သက်ပြင်းချလိုက်ပြီး ရှောင်းရှောင်းရဲ့ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ " ရှောင်းရှောင်းက ဘိုးဘိုးကို ဂရုစိုက်သေးတာပဲ...ကောင်းပြီ၊ အရင်စားကြရအောင်...မနက်စာစားပြီးရင် ဘိုးဘိုးက မင်းကို မူကြိုကျောင်းကို ခေါ်သွားပေးမယ် ”

ဟော်ဆွေ့ချန်း ပြောလိုက်သည်။ " ကျွန်တော် သူ့ကို ခေါ်သွားပေးလိုက်မယ် "

“ ကုမ္ပဏီနဲ့ မူကြိုကျောင်းက မတူညီတဲ့ လမ်းကြောင်းနှစ်ခုပဲ...မင်း အလုပ်တွေရှုပ်နေတာဆိုတော့ ​ကလေးကိုငါပဲ ပို့ပေးလိုက်မယ်...အဲ့ဒါက ဘာမှမဝေးပါဘူး ”

ဟော်ဆွေ့ချန်းက သူနှင့် အလွန်အမင်း မငြင်းခုံခဲ့ပေ။ " ကောင်းပြီ၊ ကျွန်တော် အဖေ့ကိုပဲ ဒုက္ခပေးရတော့မယ် "

ဟော်ဆွေ့ချန်းက ကုမ္ပဏီသို့ အရင်သွားခဲ့သည်။ မနက်စာစားပြီးနောက် ဟော်သခင်ကြီးက ဟော်ရှောင်းရှောင်းအား သူငယ်တန်းကျောင်းသို့ သွားပို့ခဲ့၏။

လမ်းခရီးတွင် ဟော်သခင်ကြီးက သူမအား တစ်ယောက်ယောက်က အနိုင်ကျင့်ပါက ဆရာ့အား အမြန်ဆုံး အကြောင်းကြားဖို့နှင့် သူမအဖေ ကလေးတုန်းကလို သူတို့ကို မထိခိုက်စေဖို့ နားပူနားဆာလုပ်နေတော့သည်။

ဟော်ဆွေ့ချန်း၏ကလေးဘဝအကြောင်း ပြောလိုက်တာကြောင့် ဟော်ရှောင်းရှောင်း တက်ကြွလာပြီး စိတ်ပါလက်ပါ မေးလိုက်သည်။ “ ဘိုးဘိုး၊ ဖေဖေက မူကြိုကျောင်းကို ဘယ်အရွယ်တုန်းက သွားတာလဲ...သူ ကလေးတုန်းက မူကြိုကျောင်းမှာ တခြားသူတွေကို အနိုင်ကျင့်ခဲ့တာလား ”

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now