Chapter 107: တစ်စုံတစ်ယောက်အိမ်တွင် တစ်ညတာအိပ်စက်ခြင်း (၂)

5.1K 742 2
                                    

Chapter 107: တစ်စုံတစ်ယောက်အိမ်တွင် တစ်ညတာအိပ်စက်ခြင်း (၂)

ဟော်ရှောင်းရှောင်း အခန်းအပြင်သို့ အမြန်ပြေးထွက်သွားလိုက်သည်။

ငါးမိနစ်အကြာတွင် အိမ်အောက်ထပ်မှ မြေကြီးတောင် တုန်ခါသွားမတတ် ချောက်ချားစရာကောင်းသောအသံများနှင့် ထူးဆန်းသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

" ဘိုးဘိုး!! "

ဟော်ဆွေ့ချန်း မျက်ခုံးပင့်လိုက်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

“ ဖေဖေ… ဖေဖေက … ” ဟော်ရှောင်းရှောင်း သူမလက်ဝါးလေးကို ဖြန့်ပြလိုက်သည်။

" ဘာဖြစ်လာတာလဲ? စိတ်အေးအေးထား ဟုတ်ပြီလား. . .ဖြေးဖြေးချင်း စကားပြောပြ "

“ ဖေဖေ… ဖေဖေက သမီးကို အတင်းလုပ်ခိုင်းတယ်… ဖေဖေ သမီးကို အနိုင်ကျင့်ခဲ့တယ် ” ဟော်ရှောင်းရှောင်းသည် အာမခံချက်တွင်လက်မှတ်ထိုးခဲ့ရသည့်ကိစ္စအား သူမအဘိုးကို မည်သို့ဖော်ပြရမှန်းမသိ ဖြစ်နေသည်။

သို့သော် ဟော်သခင်ကြီးကတော့ ဒီကိစ္စကို ကောင်းကောင်းသိထားလေသည်။

" သမီးကို အနိုင်ကျင့်နေတာလား? သူက သမီးကို ဘယ်လိုအနိုင်ကျင့်တာလဲ "

“ သူ…သူက…”

ဟော်သခင်ကြီးသည် ဟော်ရှောင်းရှောင်းကို အချိန်အကြာကြီးကြည့်နေခဲ့ပြီး ဘာကိုမှနားမလည်သောကြောင့် ရယ်သာရယ်လိုက်၏။ “ ကောင်းပြီ ရှောင်းရှောင်း စိတ်မပူပါနဲ့. . .  သမီးအဖေက ရှောင်းရှောင်းကို အချစ်ဆုံးပဲ. . . အဘိုး ရှိနေတဲ့အချိန်မှာတော့ သူ ရှောင်းရှောင်းလေးကို အနိုင်ကျင့်ရဲမှာမဟုတ်ဘူး၊ အဘိုးက သူ့ကို အခုဆူလိုက်မယ်. . . သူ သမီးကို ထပ်အနိုင်ကျင့်ရဲမှာမဟုတ်ဘူး ”

ဒါပေမယ့် ထိုသူက သူမကို တကယ်ကြီး အနိုင်ကျင့်ခဲ့တယ်လေ! သူမ အသက်နှစ်ဆယ့်ငါးနှစ်မတိုင်ခင်အထိ ချစ်သူမထားဖို့ အာမခံချက်မှာ လက်မှတ်ထိုးဖို့လည်း သူမကို အတင်းလုပ်ခဲ့တယ်!!

ဒါပေမယ့် သူမကလည်း ဒါကို သေချာရှင်းမပြနိုင်ဘူး!

ဘာကြောင့်လဲဆိုတော့ သူမက အခုထိ စာမတတ်သေးလို့!

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now