Chapter 30: သန့်စင်ခန်းအတွင်းမှ ရုန်းကန်ရမှု (၂)

7.3K 1K 25
                                    

Chapter 30: သန့်စင်ခန်းအတွင်းမှ ရုန်းကန်ရမှု (၂)

သူမသည် မွေးကတည်းက ယခုလက်ရှိအထိ လည်ဆွဲများ၊ လက်စွပ်များ၊ နားကပ်များ၊ အဝတ်အစားများနှင့် အိတ်များအပါအ၀င် တန်ဖိုးကြီးလက်ဆောင်များစွာ ရရှိခဲ့ပြီး ၎င်းတို့အား သူ့အခန်းလေးထဲတွင် လုံခြုံစွာသိမ်းဆည်းထားလေသည်။  သူမကြီးပြင်းလာပြီး အရွယ်ရောက်လာသည့်အချိန်မှာတော့ ဒါတွေအားလုံးဟာ သူမအပိုင်သာဖြစ်နေရမည်ဖြစ်သည်။

သူမက ကောင်းမွန်သည့်ပစ္စည်းများစွာကို မြင်တွေ့ခဲ့ရသော်လည်းချမ်းသာသည့်လူများသည် ပိုမိုချမ်းသာလာသည်ကို ဂရုမစိုက်ကြဘူးမလား။ သေချာပေါက်ပင် ထိုအရာများသည် များများရှိလေ ပိုကောင်းလေဖြစ်သည်။ ထို့ကြောင့် ဟော်ရှောင်းရှောင်းသည် ကျေနပ်စွာဖြင့် လက်ခံခဲ့သည်။

ကလပ်ဝန်ထမ်းက သူမအတွက် ကလေးကစားစရာအရုပ်အချို့ကို ယူလာခဲ့ပြီး စားပွဲထိုးလေးနှစ်ယောက်ကိုလည်း ရှောင်းရှောင်းနှင့် ကစားရန် တကူးတကကို တာဝန်ပေးခဲ့သည်။

သို့သော်လည်း ရှောင်းရှောင်းသည် သူမနှင့် မည်သူမျှ အတူရှိပေးသည်ကို မလိုချင်ပေ။ သူမက ကစားစရာအရုပ်များနှင့် တက်ဘလက်ကို ထားခဲ့ကာ သူမတစ်ယောက်တည်း ကစားရန်ဆိုဖာ၏ထောင့်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။

ခန်းဆီးဖြင့် ခြားထားကာ ပိုကာ ကစားနိုင်သော သီးသန့်ခန်းရှိ စားပွဲပေါ်တွင် လူအနည်းစုမှာ ထိုင်နေကြသည်။

အခြေအနေဆိုးရွားနေသောကြောင့် လုပေါ်ယန်သည် သက်ပြင်းချရင်း စိတ်ထိခိုက်စွာ ပြောလိုက်သည် “ ငါ့ကံက ဒီနေ့ ဆိုးဝါးနေတယ်... မိန်းကလေးနှစ်ယောက်သုံးယောက်လောက်က ကတ်ကို ကူညီပေးရင် ကောင်းလိမ့်မယ် ”

အခြားတစ်ဖက်တွင် ဟော်ဆွေ့ချန်းကတော့ နိုင်ကြောမိနေပြီး အကြိမ်အများအပြား အနိုင်ရရှိခဲ့သည်။

ကတ်တွေကို ကုလားဖန်ထိုးမည့်သူ မရှိသောကြောင့် စားပွဲက ရှုပ်ပွနေလေသည်။

ဟော်ဆွေ့ချန်းက အနောက်ကို မှီကာ အရှုံးသမားများကို တစ်ချက်ကြည့်လိုက်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now