[T/N: ဟိုတစ်ခေါက်တုန်းကလိုပါပဲ One More Chapter ပါရှင်!! နေ့ခင်းကအလုပ်ရှုပ်နေတာနဲ့ အခုမှတွေ့လို့တင်ပေးလိုက်ပါတယ်နော်]
Chapter 62: ဖေဖေက တစ်ကယ်ပဲ သမီးရဲ့အဖေရော ဟုတ်ရဲ့လား(၃)
“ ကျေးဇူးပါ၊ ဦးလေး ”
သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ဟော်သခင်ကြီးက အပြစ်တင်သည့်အနေဖြင့် ပြောလိုက်သည်။ “ ငါ ကလေးကို ခြွင်းချက်မရှိ အကာအကွယ်ပေးနေတာ မဟုတ်ဘူး...ဒါပေမယ့် ရှောင်းရှောင်းက ငယ်သေးတယ်...ကလေးကို အရမ်းမတင်းကျပ်ပါနဲ့ ”
“ အဖေက ကလေးကို ခြွင်းချက်မရှိ အကာအကွယ်ပေးနေတာ မဟုတ်ဘူး ” ဟော်ဆွေ့ချန်းက သူ့ဆံပင်ပေါ်မှ သဲများကို အဝေးသို့ သာမန်ကာလျှံကာ ခါလိုက်သည်။ “ အဖေက ကလေးကို ဖျက်ဆီးနေရုံပါ...ကျွန်တော် ငယ်ငယ်တုန်းကရော အဖေ ကျွန်တော့်ကို ဖျက်ဆီးဖူးလို့လား ”
ဟော်သခင်ကြီး၏အမူအယာသည် တန့်သွားသည်။ “ ဒါက မတူဘူး ”
“ ဘာလို့မတူတာလဲ ”
“ ဘာပဲဖြစ်ဖြစ် ရှောင်းရှောင်းက ငယ်သေးတယ် ”
“ သူက အဲ့လောက်မငယ်တော့ဘူး...သူ့မှာ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ အတွေးမျိုး ထွက်လာနိုင်တာကို အဖေက သူ့ကို သာမန်ကလေးတစ်ယောက်လို ဆက်ဆံနေသေးတာလား ”
“ ဒါဆို ငါ မင်းကို ကြိုပြောထားမယ်...ကလေးကိုတော့ မရိုက်နဲ့ ”
“ စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ အတိုင်းအတာ ရှိပါတယ် ”
တဖြည်းဖြည်းနှင့် နေဝင်ချိန် ကျရောက်လာသည်။ ပင်လယ်ပြင်နှင့် ကောင်းကင်တို့ တွေ့ဆုံသည့် နေရာတွင် လိမ္မော်ရောင်နေ၀င်ဆည်းဆာသည် ပိုပိုတောက်ပလာပြီး မိုးကုပ်စက်ဝိုင်းထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသည်။ ထိုအရာသည် ကောင်းကင်၌ တောက်ပသောလမင်းကြီးအတွက် လမ်းဖွင့်ပေးနေခဲ့သည်။
ဟော်ရှောင်းရှောင်းသည် သူမ၏ကလေးအိပ်ယာထဲတွင် ခွေနေကာ သူမ ဆုံးရှုံးသွားသည့် အိတ်လေးအတွက် ဝမ်းနည်းနေမိသည်။
အခုအချိန်တွင် သူမ နောင်တများဖြင့် ပြည့်နေသည်။
ဤကဲ့သို့ကြောက်မက်ဖွယ်ရလဒ်ကို ဦးတည်လိမ့်မည်ဟု သူမ သိပါက သူမအဖေ၏ခြေထောက်များကို ကြိုးဖြင့် ချည်လိမ့်မည် မဟုတ်ပေ။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.