Chapter 36: ဖေဖေ၊ ဘာလို့မပျော်တာလဲ (၁)

7K 973 11
                                    

Chapter 36: ဖေဖေ၊ ဘာလို့မပျော်တာလဲ (၁)

ကလေးများ၏အသားအရေသည် အထိမခံကာ နူးညံ့သော်လည်း နံနက်စောစောတွင် ဟော်ဆွေ့ချန်းက စဉ်းစားခြင်းမရှိဘဲ သူ့သမီးကို လေး၊ ငါးလှမ်းလောက် တရွတ်တိုက်ဆွဲလာခြင်းကြောင့် သူမ၏ဒူးကို ပွန်းပဲ့စေခဲ့သည်။ အန်တီကျိုး ဆေးလိမ်းပြီးနောက်မှာတော့ သူမဒူးသည် အနီရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားတော့သည်။
သူမ၏ခြေထောက်ပေါ်ရှိ ထိုဖြူဖွေးပြီး အထိမခံနူးညံ့သည့် အသားအရေက ကြောက်စရာကောင်းနေတော့သည်။

သူတို့ အရမ်းနောက်ကျမှ ပြန်လာကာ သူ သူမကို ဒိုင်းတစ်ခုအဖြစ် သုံးခဲ့လျှင်ပင် သူမ ဂရုမစိုက်ပေ။

အပန်းဖြေဥယျာဉ်တစ်ခု တည်ဆောက်ရန် သူမကို ဆင်ခြေတစ်ခုအဖြစ် သုံးလျှင်လည်း သူမ ဂရုမစိုက်ပေ။

ဒါပေမယ့် အပြစ်ပုံချပြီး သူမရဲ့ဒဏ်ရာတွေကို ဆားနဲ့ ပွတ်ရလား???

သူမ သူကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေကို ရေတွက်ခဲ့လို့လား။ မရေတွက်ခဲ့ဘူးလေ။

သူသာ အရင်ရပ်ခဲ့ရင် ဟော်ရှောင်းရှောင်းလည်း ဒါကို လုပ်မှာ မဟုတ်ပေ။

စကတ်ကို ဆွဲမလိုက်သည်နှင့်တပြိုင်နက် နှစ်ဦးစလုံးအပြန်အလှန်ပျက်စီးပြီး အဆုံးသတ်သွားမည်ကို သူမ မကြောက်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ဟော်သခင်ကြီးက ဟော်ရှောင်းရှောင်း၏ဒူးဒဏ်ရာကို တွေ့သည့်အခါ လန့်သွားခဲ့သည်။

" ဘာဖြစ်တာလဲ...သမီးရဲ့ဒူးက ဘယ်လိုလုပ် ဒီလိုထိခိုက်နေတာလဲ "

ဟော်ရှောင်းရှောင်းသည် စိတ်ဓာတ်ကျနေသော်လည်း ချက်ချင်း မငိုသေးဘဲ တောင့်ခံနေခဲ့သည်။ သူမ၏ပါးစပ်က ဆူလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာဘဲ မိုးစက်လောက်ရှိသည့် မျက်ရည်များက ကျလာတော့သည်။ သူမ အငမ်းမရ အသက်ရှူနေသကဲ့သို့ မကြာခဏ ငိုကြွေးနေခဲ့သည်။ ဟော်ရှောင်းရှောင်း၏မတရားမှုနှင့် အောင့်အည်းထားသည့် အမူအယာသည် အော်ဟစ်ငိုကြွေးခြင်းထက် ပို၍နာကျင်စေသည်။

ဟော်သခင်ကြီးကို သူ့မြေးမလေးက ရင်ကွဲနာကျစေသည်။

ဟော်သခင်ကြီးက " မငိုနဲ့...မငိုနဲ့ " ဟု ချော့နေလေသည်။ ထို့နောက် သူက ဟော်ရှောင်းရှောင်း၏မျက်ရည်များကို လက်တစ်ဖက်ဖြင့် သုတ်ပေးပြီး " သွားပြီး ဆေးတွေယူလာခဲ့ " ဟု အော်လိုက်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now