Chapter 82: အပြစ်မရှိဘူး! (၁)

6.1K 943 27
                                    


Chapter 82: အပြစ်မရှိဘူး! (၁)

ဟော်ဆွေ့ချန်း ဒီလိုဆိုးသည့် ကလေးမျိုးကို တစ်ခါမျှမမြင်ဖူးပေ။

သို့သော် သူမသည် နှစ်နှစ်သာ ရှိသေးပြီး အပြစ်ကင်းသည့် ကလေးနှင့်တူသော်လည်း  သူမအသက်အရွယ်ရှိ တစ်ခြားကလေးများနှင့် နှိုင်းယှဉ်ပါက အများကြီး ပိုထက်မြက်ပြီး ချင့်ချိန်တတ်သည်။

အခြားသူများကမူ သူမသည် ထက်မြက်ပြီးချစ်စရာကောင်းသည်ဟု ပြောသော်လည်း သူမ လုပ်ခဲ့သော အရာများသည် လူများအား အမြဲဒေါသထွက်စေသည်။

ဟော်ဆွေ့ချန်းတွင် သူ့ရုံးခန်း၌ ရှပ်အင်္ကျီအပိုများနှင့် ဝတ်စုံများ ရှိသည်။ သူက ဆွဲထုတ်လိုက်ပြီး သူ ဝတ်ထားသည့် လိပ်ပုံရှပ်အင်္ကျီကို ချွတ်လိုက်သည်။ ထို့နောက် ဝတ်စုံအသစ်ကို ဝတ်လိုက်သည်။

အစောပိုင်းက သူ့ရှပ်အင်္ကျီနောက်ကို သူ မတွေ့ခဲ့ပေ။ သူ့လက်ထဲရှိနေချိန်တွင် ဟော်ဆွေ့ချန်း နောက်ဆုံးတော့ သူ့ရှပ်အင်္ကျီပေါ်တွင် ဆွဲထားသည့် လိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တော့သည်။

ထိုပုံသည် အလွန် အသက်ဝင်လေသည်။ ၂နှစ်အရွယ် ကလေးတစ်ယောက်အတွက် ဒီလိုလိပ်ကို ဆွဲနိုင်ခြင်းသည် ပင်ကိုအရည်အချင်းပင်။

ခဏအတွင်း ဟော်ရှောင်းရှောင်း ဤလိပ်ကို ဆွဲထားသည်မှာ တမင်တကာလော??မတော်တဆလော
??ဟော်ဆွေ့ချန်း တကယ် မသိခဲ့ပေ။

သို့သော် ဒီနှစ် သူ့သမီးနှင့် ဆက်ဆံရေးပေါ် မူတည်၍ သူ၏စိတ်နှလုံးထဲ၌ ဟော်ဆွေ့ချန်း ဟော်ရှောင်းရှောင်းကို “ တမင်တကာ ” ဟု အမည်တပ်လိုက်သည်။

သူမအဘိုးက သူမကို ဖျက်ဆီးနေသောကြောင့် သူမက ပိုပိုပြီးကို ဆိုးသွမ်းလာသည်။

ရှေးဟောင်းသုတေသနကျွမ်းကျင်သူအဖွဲ့နှင့် အစည်းအဝေးတွင် လုပ်ငန်းစဥ်တလျှောက်လုံး ဟော်ဆွေ့ချန်း၏မျက်နှာသည် ခက်ထန်နေကာ မျက်နှာကြောတင်းနေသည်။ အကယ်၍ ယီယန်သာ သဘောထားကွဲလွဲမှုကို ဖြေရှင်းရန် မကူညီခဲ့ပါက ဤအစည်းအဝေးသည် ချောချောမွေ့မွေ့ ပြီးသွားနိုင်မည် မဟုတ်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now