Chapter 96: ဖေဖေတော့ ပိုက်ဆံများများရှာနိုင်အောင် ကြိုးစားရမယ် (၄)

5.4K 914 15
                                    

Chapter 96: ဖေဖေတော့ ပိုက်ဆံများများရှာနိုင်အောင် ကြိုးစားရမယ် (၄)

“ ကျောင်းအုပ်ကြီး၊ သူ ရိုက်နှက်ခံလိုက်ရတဲ့ ပုံစံကိုလည်း ကြည့်ပါဦးရှင်. . . ကိုယ့်ကိုကိုယ်ကာကွယ်တာကလည်း ဥပဒေတစ်ခုပဲလေ...ဒါကြောင့် သူ ဘာအမှားမှ မကျူးလွန်ခဲ့ဘူး မဟုတ်လား "

သူမအမှားကို ၀န်ခံဖို့ ငြင်းဆန်နေသည့် ပုံစံမှာ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပင်။

ဟော်ဆွေ့ချန်းက သူ့မျက်လုံးတွေကို  အပေါ်သို့လှန်လိုက်ပြီး စိတ်ပျက်နေသည့် မျက်နှာပေးဖြင့် တစ်ခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ “ ခင်ဗျားသားက ဗိုလ်ကျတတ်တာကို ခင်ဗျား သိကတည်းက မိဘတစ်ယောက်အနေနဲ့ ခင်ဗျား သူ့ကို ကောင်းကောင်း သင်ကြားပေးရမှာ...ခင်ဗျားသားကို အပြစ်ပေးတဲ့အတွက် တခြားသူတွေကို အပြစ်လိုက်တင်မနေနဲ့ ”

“ ရှင်… ”

" ချန်းချန်းရဲ့အမေ၊ ဒါက ဟော်ရှောင်းရှောင်းရဲ့အဖေ မစ္စတာဟော်ဆွေ့ချန်းပါ "

ကျောင်းအုပ်ကြီးက ထိုမိသားစုနာမည်ကို ဖော်ပြရင်း ဒီမိဘတွေက ပိုပြီးလိမ္မာပါးနပ်ကြဖို့ မျှော်လင့်နေသည်။

သူမက ပြင်ပစီးပွားရေးလောကကို ဂရုမစိုက်သော်လည်း ဟော်ဆွေ့ချန်းရဲ့နာမည်ကို ကြားဖူးပြီး သူမခင်ပွန်း တစ်ခါက ပြောခဲ့ဖူးသည့် ဟော်မိသားစုကို မှတ်မိနေဆဲပင်။ သူမက မည်သည့်လုပ်ငန်းကိုမှ နားမလည်သော်ငြား မိတ်ဆွေ များများရှိတဲ့သူက ဘဝမှာ ရွေးချယ်စရာ ပိုရှိမှန်း သူမ သိသည်။ ထိုအရာသည် ရန်သူနည်းပြီး ပိုက်ဆံပိုရရန် ရည်ရွယ်သည်။

ဤကိစ္စအတွက်နဲ့ ဟော်ဆွေ့ချန်းကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ မလိုအပ်ပေ။

နောက်တစ်ခဏတွင် သူမ၏မျက်နှာပေါ်က မာနထောင်လွှားသော အမူအရာသည် အတော်လေးလျော့သွားသည်။

" မစ္စတာဟော်... ကျွန်မသားက ငယ်ရွယ်သေးလို့ မသိနားမလည်သေးတာပါ...သူက ရှင့်သမီးကို အနိုင်ကျင့်ဖို့ မရည်ရွယ်ခဲ့ပါဘူး " ချန်းချန်းရဲ့အမေက ရှက်နေပုံရသည်။ " ထားလိုက်ပါတော့၊ ဒါဒီမှာပဲ ပြီးပါပြီ...ကျောင်းအုပ်ကြီး၊ အနာဂတ်မှာ ကျွန်မသားကို ဒီကလေးတွေနဲ့ စာသင်ခန်းတစ်ခုတည်းမှာ ဆက်မထားချင်တော့ဘူး "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now