Chpter 143: သူမနှင့် တွေ့ဆုံခြင်း (၄)

4.4K 683 6
                                    


Chpter 143: သူမနှင့် တွေ့ဆုံခြင်း (၄)

ရှုမန်ယင်က သူမအား စိတ်ရှည်လက်ရှည်ချော့ရင်း " ချန်းချန်း မငိုပါနဲ့တော့ကွယ်၊ ဖေဖေနဲ့မေမေကို သွားခေါ်ပေးရမလား "

ထို့နောက် သူမသည် ချန်းချန်းကိုချီကာ ထွက်သွားတော့သည်။

ကျိုးကျိုးသည်တော့ နှုတ်ခမ်းကိုတွန့်လိုက်ပြီး နှာမှုတ်လိုက်၏။ " ဒီလောက် အငိုသန်တဲ့ ကလေးမလေး "

"မင်းလည်း ဘာထူးလို့တုန်း! တစ်ခြားသူအကြောင်း လိုက်ပြောမနေပါနဲ့ "

ကျိုးကျိုးက ဒေါသထွက်သွားပြီး စကားထစ်သွားလေသည်။ "ငါ ... ငါမငိုခဲ့ပါဘူး! မင်းတို့ ဟာသတွေလာပြောနေတာပဲ! "

"ငါတို့ မလိမ်ပါဘူး. . . မင်းတုန်းကဆို အရမ်းငိုခဲ့ပြီး ဘောင်းဘီထဲ ရှူးရှူးပေါက်ချခဲ့တယ်မလား! "

ကျိုးကျိုးသည် သူမအပြုံးကိုထိန်းထားရသည့် ဟော်ရှောင်းရှောင်းကိုကြည့်လိုက်ပြီး စကားပြောနေသည့် ကလေးလေး၏ပါးစပ်ကိုသာ လက်ဖြင့်အုပ်လိုက်ရသည်။ မိန်းကလေးတစ်ယောက်ရှေ့မှာတော့ သူ့ဂုဏ်သိက္ခာကို ဆက်ထိန်းချင်သေးတယ်လေ!

" မပြောနဲ့တော့! "

——

ဟော်အုပ်စု၊ အစည်းအဝေးခန်း။

သုံးနာရီကြာသော အစည်းအဝေးသည် နောက်ဆုံးတွင်တော့ ပြီးဆုံးခဲ့၏။

အစည်းအဝေးခန်းတံခါးသည် အတွင်းဘက်မှ ပွင့်လာကာ ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့မှ အဖွဲ့ဝင်များသည် ဟော်ဆွေ့ချန်းနှင့် လက်ဆွဲနှုတ်ဆက်ပြီး တောင်းပန်ခဲ့လေသည်။

"ဥက္ကဌဟော် ဒီကိုမလာခင် ပါမောက္ခက ခင်ဗျားကိုတောင်းပန်လိုက်ဖို့ ကျွန်တော့်ကို အကြိမ်ကြိမ်တောင်းဆိုနေခဲ့တာ၊ ကျွန်တော်တို့အဖွဲ့​ရဲ့ အခြေအနေကြောင့် ခင်ဗျားရဲ့ပရောဂျက်ကို အကြာကြီး ရပ်တန့်နေစေခဲ့မိတယ်။ ကျေးဇူးပြု၍ စိတ်ချထားပါ၊ တူးဖော်မှုက အချိန်အများကြီး ကြာမှာမဟုတ်ပါဘူး။ ခင်ဗျားရဲ့စီမံကိန်းကို ကျွန်တော်တို့ နှောင့်နှေးစေမှာ မဟုတ်ဘူးဆိုတာ ​စိတ်ချထားပါ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now