Chapter 106: တစ်စုံတစ်ယောက်အိမ်တွင် တစ်ညတာအိပ်စက်ခြင်း (၁)

5.2K 789 12
                                    

Chapter 106: တစ်စုံတစ်ယောက်အိမ်တွင် တစ်ညတာအိပ်စက်ခြင်း (၁)

“ ချစ်ရတဲ့ ဖေဖေ၊ သမီး ဟော်ရှောင်းရှောင်း၊ သမီး အသက် ၂၅ နှစ်မတိုင်ခင် ချစ်သူမထားပါဘူးလို့ ကတိပေးပါတယ်...တစ်စုံတစ်ရာချိုးဖောက်မှုရှိခဲ့ပါက သမီးခြေထောက်ကို ရိုက်ချိုးပစ်ဖို့ ဖေဖေ့အား တောင်းဆိုပါတယ်...အာမခံပေးသူ ဟော်ဆွေ့ချန်း ”

အာမခံချက်ကို ဖတ်နေသည့် သူမဖခင်၏သဘာဝကျပြီး အတင်းအကျပ် တွန်းအားမပေးတဲ့ အမူအရာကို ကြည့်ရင်း ဟော်ရှောင်းရှောင်း သူမရဲ့မျက်လုံးတွေကိုပင် မယုံနိုင်ခဲ့ပေ။

အာ၊ ဘာလို့လဲ!

ဘာလို့ဒီလောက်ထိရောက်လာရတာလဲ!?

အရမ်းဒေါသထွက်နေတာကြောင့် သူမ တစ်ကိုယ်လုံး သက်တောင့်သက်သာ မရှိပေ။

သိသိသာသာပင် မနေ့ညက သူမနဲ့ သူမအဖေသည် ခုတင်ပေါ်မှာ အရမ်းသက်တောင့်သက်သာရှိစွာ လဲလျောင်းခဲ့ကြသည်။ သူမက သူမဖေဖေ၏လက်မောင်းထဲ၌ပင် ဝင်ခွေပြီး သူမဖေဖေ သူမကို ပြောပြသော ပုံပြင်များနှင့် ဘဝဒဿနများကို နားထောင်နေခဲ့သည်။

ဒါဆို ဘာလို့လဲ?! သူမ ရည်းစားမထားပါဘူးဆိုတဲ့ အာမခံချက်ကို လက်မှတ်ထိုးဖို့ သူမကို ဘာလို့အတင်းတွန်းအားပေးနေတာလဲ။

တောင်းဆိုချက်?

သူမခြေထောက်ကို ရိုက်ချိုးပစ်ဖို့ သူမအဖေကို တောင်းဆိုရမှာလား?

“ တောင်းဆိုချက် ” ဆိုတာ အတော်လေးများလွန်းတယ်။

ဒါက သူမကို အနိုင်ကျင့်ဖို့ တကယ်ကြီး တောင်းဆိုနေတာ မဟုတ်ဘူးလား။

သူမရဲ့သဘောထားကြီးမှုက လက်သည်းထက်တောင် ပိုသေးတယ်။

ဟော်ရှောင်းရှောင်း ဟော်ဆွေ့ချန်း၏လက်မောင်းထဲတွင် ရုန်းကန်ရုံအပြင် မတတ်နိုင်ပေ။ ကံမကောင်းစွာဖြင့် သူမသည် အလွန်သေးငယ်ပြီး အားနည်းလွန်းသည်။ ဟော်ဆွေ့ချန်းက သူမလက်နှစ်ဘက်ကို ဆုပ်ကိုင်ကာ သူ ရေးသားထားသည့် မယုံကြည်ရသော အာမခံချက်ပေါ်တွင် သူမ၏လက်ဗွေရာကို နှိပ်ဖို့ လုပ်နေတော့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now