Chapter 142: သူမနှင့် တွေ့ဆုံခြင်း (၃)

4.5K 692 14
                                    


Chapter 142: သူမနှင့် တွေ့ဆုံခြင်း (၃)

ဆရာမက ချန်းချန်းအား စာဖတ်ခန်းသို့ ခေါ်သွားသည်။ " ကျင်းကျင်း၊ ဒါက ချန်းချန်းလေ။ သူက သမီးလိုပဲ ပုံပြင်တွေ နားထောင်ရတာ ကြိုက်တယ်။ သမီးတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေ ဖြစ်လာမယ်လို့ ဆရာမ ထင်တယ်နော်။ သမီးနဲ့ တူတူကစားလို့ရမလား "

" ဟုတ်ကဲ့ "

ဟော်ရှောင်းရှောင်းက ကလေးအသစ်ကို စိုက်ကြည့်နေသည်ကို သတိပြုမိတာကြောင့် ကျိုးကျိုးက သူ့ဆီကို ကြည့်လာသည်။ " ရှောင်းရှောင်း၊ မင်း သူနဲ့ သူငယ်ချင်းဖြစ်ချင်လို့လား "

ဟော်ရှောင်းရှောင်း ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။ " မဖြစ်ချင်ဘူး "

ဒါက သူမကို မုန်းလို့ မဟုတ်ဘဲ သူမနှင့် သူငယ်ချင်း မလုပ်ချင်ရုံသာ...

" ဘာလို့လဲ "

ဟော်ရှောင်းရှောင်းက လှည့်ကာ သူ့ကို ကြည့်လိုက်သည်။ " နင်ရော သူမနဲ့ သူငယ်ချင်းလုပ်ချင်လား "

" မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ မလုပ်ချင်ဘူး! ငါ... ငါ မင်းကို မေးကြည့်ရုံပဲ! ငါ သူမနဲ့ သူငယ်ချင်းမလုပ်ဘူး! " ကျိုးကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ အိမ်မှ ယူလာသည့် ကစားစရာများကို သူ အမြန်သတိသွားပြီး " ဟုတ်သားပဲ၊ ရှောင်းရှောင်း၊ ငါ အိမ်ကနေ ကစားစရာတစ်ခု ယူလာခဲ့တယ်။ ငါ့အမေ ပြောတာတော့ အဲ့ဒါကို Lego လို့ ခေါ်တယ်တဲ့။ ငါ အဲ့ဒါကို တပ်တာ တပ်လို့မရဘူး၊ မင်း ငါနဲ့ တပ်ကြည့်မလား?? "

ဟော်ရှောင်းရှောင်းက ကျိုးကျိုးလက်ထဲက Lego ကို ကြည့်လိုက်သည်။ ထိုအရာမှာ အရုပ်ကားကြီးတစ်ခုဖြစ်သည်။

ကလေးများအတွက် အဆောက်အဦးဆောက်သည့် blockတုံးလေးများနှင့် ကစားရန်မှာ လွယ်ကူသော်လည်း Lego သည် အသက်နှစ်နှစ်၊ သုံးနှစ်ကလေးတစ်ယောက်အတွက် အနည်းငယ်ခက်ခဲလေသည်။

" ငါ့ကို ပြကြည့် "

ကလေးအမြောက်အမြားက Lego ကို လေ့လာရန် အတူတူထိုင်ချလိုက်ကြသည်။

ဟော်ရှောင်းရှောင်း အဲ့ဒါကို ခဏလောက် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်သည်။ ဒါက အတော်လေးလွယ်ကူသည်။ ပေးထားသော ညွှန်ကြားချက်များကို ဖတ်ပြီး လိုက်လုပ်နိုင်သရွေ့ မိနစ်ပိုင်းအတွင်း တပ်ဆင်နိုင်လေသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now