Chapter 16: ဖေဖေ (၂)

7.3K 1K 35
                                    

Chapter 16: ဖေဖေ (၂)

  " လာမယ့် နောက်ရက်နည်းနည်းဆို ရှောင်းရှောင်းက အသက်တစ်နှစ်ပြည့်တော့မယ်... ပြီးတော့ ရှောင်းရှောင်းလေးရဲ့မွေးနေ့အတွက် ဖေဖေကလည်း ပြန်လာမယ်တဲ့...ပျော်ရဲ့လားကွယ့်..."

ဟော်ရှောင်းရှောင်း ကြက်သေသေသွားတော့သည်။ သူမရဲ့မျက်လုံးလေးတွေကို ပင့်လိုက်ပြီး အပြုံးတစ်ခုနှင့် ခေါင်းညိတ်လိုက်သည်။
——

ဟော်ဆွေ့ချန်း တရုတ်ပြည်ကို ပြန်လာသည့်နေ့သည် သာယာသောနေ့ရက်လေး တစ်ရက်တော့ မဟုတ်ပေ။ လေယာဉ်ကရုတ်တရက် လေပြင်းမုန်တိုင်းတစ်ခုကြောင့် ပြန်ထွက်ခွာလုနီးပါးဖြစ်သော်လည်း နောက်ဆုံးတော့ ဆင်းသက်ရမည့်အချိန်တွင် တိမ်များ ကွဲသွားပြီး နေရောင်တောက်ပလာတော့သည်။

ရှောင်ဝူးက သူ့ကို လေယာဉ်ကွင်းကို လာခေါ်ခဲ့သူဖြစ်သည်။ တစ်နှစ်ပြည့်ပွဲက စတင်နေခဲ့ပြီဖြစ်ပြီး ဟော်ဆွေ့ချန်းကို ယခုတိုင် သူမတွေ့ရသေးသောကြောင့် ဟော်ဆွေ့ချန်းအား မြင်လိုက်ရသည့်အခါ frying panထဲက ပုရွက်ဆိတ်များကဲ့သို့ပင် ရွစိရွစိဖြစ်နေခဲ့သည်။  သူသည် လီဗာကို အရှိန်ကုန်နင်းရင်း နောက်ဆုံးတော့ အချိန်မှီရောက်ရန် ကြိုးပမ်းတော့သည်။

“ အစ်ကိုကြီးချန်း သေသေသပ်သပ်လေး လုပ်ပါဗျာ လူအိုကြီးက အစ်ကို့ကို ဒီပွဲမှာသာမတွေ့ရင် သူဒေါကန်နေလိမ့်မယ် ”

ဟော်ဆွေ့ချန်းက ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး “ ဘာတွေအလောကြီးနေတာလဲ ”

“ ဒီနေ့က သခင်မလေးရဲ့တစ်နှစ်ပြည့်မွေးနေ့လေ..ဘယ်လိုလို့ အလျင်မလိုပဲနေမလဲ... ကျွန်တော် ပြောရင်တောင်မှ သခင်လေး ယုံမှာ မဟုတ်ဘူး ...သခင်လေး နိုင်ငံခြား ရောက်နေတဲ့ ဒီနှစ်တွေမှာ ရှောင်းရှောင်းက သခင်လေးရဲ့ဓါတ်ပုံတွေကိုကြည့်ပြီး အြုံးပြတတ်တယ်...လမ်းစစလျှောက်တတ်လာကတည်းက ကလေးက နေ့တိုင်း တံခါးနားမှာ ရပ်နေတာ..သခင်လေးက အဲ့လို ချစ်စရာကောင်းတဲ့ကလေးမလေးရဲ့ အဖေပါဗျာ... ဘယ်လိုလုပ် ဒီလိုအရေးကြီးတဲ့ အချိန်မျိုးကို ဂရုမစိုက်နိုင်ရတာလဲ ”

ဟော်ဆွေ့ချန်း သူ့မျက်လုံးတွေကို ပင့်လိုက်သည်။

သူ ပြည်ပသို့ ထွက်သည့် တစ်နှစ်လုံးတွင် သူ့အဖေကဖုန်းထဲတွင် ဟော်ရှောင်းရှောင်းအကြောင်းကို မကြာခဏပြောပြခဲ့သည်။ မပြန်မီလေးတွင် သူ့အဖေက ဖုန်းထဲတွင် သူသည် သမီးဖြစ်သူ၏ တစ်လပြည့်မွေးနေ့နှင့် ရက်တစ်ရာပြည့်ပွဲနေ့ကို လွတ်ပြီးပြီဟု ပြောခဲ့သည်။  သူသာသူမရဲ့ တစ်နှစ်ပြည့်မွေးနေ့ကို လွတ်ခံဦးမည်ဆိုပါက နောင်အနာဂတ်တွင် ပြန်လာစရာမလိုတော့ဟု ကြိမ်းခဲ့သည်ပင်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now