Chapter 134: ဘိုးဘိုးကို သတိရတယ် (၁)
" ကိုင်ထားတဲ့ ပစ္စည်း အဖေ့ကို ပေး " ဟော်ဆွေ့ချန်းက သူမဆီသို့ လက်ဖြန့်ကာတောင်းလိုက်သည်။
ဟော်ရှောင်းရှောင်းသည် လွှင့်ပစ်ရန် အချိန်မရတော့တာကြောင့် သူမ၏ပြစ်မှုကျူးလွန်သော လက်လေးကို ဖြည်းဖြည်းချင်း မြှောက်ကာ သူမအဖေ၏လက်ထဲတွင် " ဗြောက်အိုးလေး " ကို ချထားလိုက်ရသည်။
ဟော်ဆွေ့ချန်းသည် သူ့လက်ထဲက " ဗြောက်အိုးလေး " ကို သေသေချာချာ စစ်ဆေးကာ ပြောလာ၏။ " အဖေ့ကို ဘယ်လိုမျိုးကတ်တီးကတ်ဖဲ့လုပ်ရမလဲကို မင်း သေချာသင်ထားတာပဲ "
" ...မဟုတ်ဘူး ဖေဖေ၊ သမီး မှားသွားပါတယ်၊ သမီး ရှင်းပြတာ နားထောင်ပေးပါဦး "
ဟော်ရှောင်းရှောင်းသည် သူမပင် မသိလိုက်ဘဲ မှားပြောမိသွားသည်ကို သဘောပေါက်သွားပြီးနောက် စတင်ငိုကျွေးတော့သည်။ရာဇဝတ်မှုကျူးလွန်ရန် အကြောင်းအရင်းသည် လုံလောက်ပြီး သက်သေအထောက်အထားများအားလုံးသည် ကိုယ်တွေ့ဖြစ်ကာ သက်သေခံပစ္စည်းများသည်လည်း ခိုင်လုံလေသည်။ အခုတော့ ပြန်ရှင်းပြဖို့ တော်တော်ခက်သွားပြီဖြစ်သည်။
ဟော်ရှောင်းရှောင်း၏ဘေးတွင် ရပ်နေသော ယီချန်းသည် ဟော်ဆွေ့ချန်းက သူတို့ကို နားလည်မှုလွဲနေသည်ကို တွေ့လိုက်တာကြောင့် အလွန်စိုးရိမ်သွားတော့သည်။ သူက အမြန်ရှင်းပြလိုက်၏။ " ဦးဦးဟော်၊ သား တကယ်တောင်းပန်ပါတယ်၊ အဲ့ဒါ... တကယ်တော့ အဲ့ဒါလေးတွေကို ပစ်တဲ့သူက သားပါ။ ရှောင်းရှောင်းက မပစ်ခဲ့ပါဘူး။ ရှောင်းရှောင်းကို အပြစ်မတင်ပါနဲ့နော် "
" ဟုတ်တယ်၊ ယီချန်းက ပစ်လိုက်တဲ့သူပါ။ ဖေဖေ၊ ဖေဖေ သမီးကို ယုံရမယ်နော် "
ဟော်ဆွေ့ချန်းသည် သူ့လက်ထဲရှိ ' ဗြောက်အိုးလေး 'ကို တစ်ဖန်ပြန်စစ်ဆေးလိုက်ပြီးစိုးရိမ်တကြီး ရပ်နေသော ကလေးနှစ်ယောက်ကိုဖြည်းဖြည်းချင်း ငုံ့ကြည့်လာသည်။ " ငါ့ကို အရူးလုပ်ဖို့ လွယ်တယ်လို့ မင်းတို့နှစ်ယောက် ထင်နေတာလား "
ဟော်ရှောင်းရှောင်း : "......"
ယီချန်း : "......"
BẠN ĐANG ĐỌC
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
Hài hướcGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.