Chapter 1: ဗီလိန်နှင့် တွေ့ဆုံခြင်း (၁)

13.5K 1.1K 12
                                    

Chapter 1:ဗီလိန်နှင့် တွေ့ဆုံခြင်း (၁)

ဟော်ရှောင်းရှောင်း နိုးလာတဲ့အချိန်မှာ သူမ နွေးထွေးတဲ့ သမုဒ္ဒရာထဲမှာ ရှိ‌နေသကဲ့သို့ခံစားလိုက်ရသည်။ သူမ အရင်က မခံစားဖူးတဲ့ လုံခြုံတဲ့ ခံစားချက်က သူမကို စိတ်သက်သာရာရစေသည်။ သူမ သက်တောင့်သက်သာဖြစ်စွာ ခွေနေခဲ့သည်။ သူမ ဘာကိုမှမတွေး‌တောချင်တာဖြစ်နိုင်သလို  သူမမျက်လုံးတွေကို မဖွင့်ချင်တာလည်းဖြစ်နိုင်ပေသည်။

သို့သော်လည်း တဖြည်းဖြည်းနှင့် ကျယ်ပြောသည့် သမုဒ္ဒရာကြီးသည် သေးငယ်လာပြီး ကြီးမားသည့် တွန်းအားကြောင့် သူမလည်း ဆက်တိုက်ပြုတ်ကျနေပြီး ဆွဲယူခံရကာ ဆွဲငင်ခံနေရလေသည်။

ထိုသည်မှာ စူးစူးဝါးဝါးအော်သံတစ်ခု မကြားရခင်အထိပင်ဖြစ်သည်။ " ထွက်လာပြီ ကလေး ထွက်လာပြီ "

ခေါင်းပေါ်က မီးများသည် ထိန်လင်းစွာ တောက်ပနေလေသည်။ ဆန်ပြုတ်အိုးထဲ ပြုတ်ကျထားသကဲ့သို့ သူမတစ်ကိုယ်လုံး စေးကပ်နေခဲ့သည်။ သူမခန္ဓာကိုယ်အနှံ့ ချွဲများနှင့် အလွန်ကသိကအောက်ဖြစ်နေခဲ့သည်ပင်။ သူမပါးစပ်ကို ဖွင့်ပြီး စကားပြောချင်ခဲ့သည်။ သို့သော်လည်း ထိုချိန်တွင် ကလေးသံများ ထွက်လာခဲ့သည်။

ဝါး... ဝါးးး

ငိုနေတဲ့ကလေးတစ်ယောက်လား...

ဒါပေမယ့် ဘယ်က ကလေးလဲ....

သူမ ဘေးပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို ကြည့်ရှုရန် မသိစိတ်၏စေ့ဆော်မှုကြောင့် မျက်လုံးကို ဖွင့်လိုက်သည်။ သို့သော်လည်း အလျင်လိုနေသော မှုန်ဝါးသည့် အရိပ်များကိုသာ တွေ့မြင်နိုင်ခဲ့သည်။

သွေးနံပြင်းပြင်းနဲ့ ပိုးသတ်ဆေးနံ့ပြင်းပြင်းက သူမနှာခေါင်းထဲ ပြည့်နှက်နေပြီး ဟော်ရှောင်းရှောင်းရဲ့အသိစိတ်လည်း တဖြည်းဖြည်းလွင့်မျောသွားခဲ့သည်။

ဒါက... မီးဖွားခန်းလား...

သူနာပြုဆရာမက သူမကို ရိုးရိုးရှင်းရှင်းသန့်ရှင်းရန် ပြုလုပ်ပေးခဲ့လေသည်။ ထို့နောက် သူမကို အနှီးနဲ့ထုပ်ပြီး အိပ်ရာသို့ သယ်ဆောင်လာခဲ့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now