Chapter 20: သူမ ဘောင်းဘီကို ဘယ်သူလဲလိုက်တာလဲ (၁)

7.4K 894 8
                                    

Chapter 20: သူမ ဘောင်းဘီကို ဘယ်သူလဲလိုက်တာလဲ (၁)

ဟော်ရှောင်းရှောင်း ကုတင်ပေါ်တွင် အိပ်နေသည်ကို ကြည့်နေရင်း မသိစိတ်ရဲ့စေ့ဆော်မှုကြောင့် ဟော်ဆွေ့ချန်း တံခါးကို ကြည့်လိုက်သည်။

တံခါးလက်ကိုင်နှင့် ကြမ်းပြင်ကြားက အကွာအဝေးက ဟော်ရှောင်းရှောင်းရဲ့အရပ်ထက် ပိုမြင့်လေသည်။ ကလေးက ဘယ်လိုဝင်လာတာလဲ???

ဒီကို သူမရဲ့နာနီက ခေါ်လာပေးတာလား။

စိတ်ထဲတွင် ထိုမေးခွန်းနှင့် ဟော်ဆွေ့ချန်း တံခါးကို ဖွင့်ကြည့်လိုက်သည်။

ဟော်ရှောင်းရှောင်း၏ကုတင်ဘေးတွင် မြင်နေကျဖြစ်သည့် ခွေးခြေခုံလေးသည် တံခါးအပြင်ဘက်တွင် ရှိနေသည်။

ဟော်ရှောင်းရှောင်းသည် ခြေတိုလက်တိုလေးများနှင့် ၁နှစ်သာ ရှိသေးသည့်အပြင် သူမ ကိုယ်တိုင်လည်း အိပ်ယာပေါ် သို့ မတက်နိုင်ပေ။ တစ်ချိန်တည်းမှာပဲ သူမ မသန်မစွမ်းလိုမျိုး တခြားသူတွေ ချီထားသည်ကို သဘောမကျပေ။ ထို့ကြောင့် သူမ တစ်နေ့လုံး တက်လိုက် ဆင်းလိုက် လုပ်နိုင်ရန် အခန်းထဲတွင် ခွေးခြေခုံလေးကို သူမ ထားထားသည်။

သူမက ခုံလေးကိုရွေ့၊ တံခါးဖွင့်ပြီး သူမဘာသာ အခန်းထဲ ဝင်လာတာလား???

ဟော်ဆွေ့ချန်းလည်း သူ့ခေါင်းကို အပြင်သို့ ဆန့်ထုတ်ပြီး စင်္ကြန်လမ်းကို တစ်ချက်ကြည့်လောက်တော့သည်။ ဟော်ရှောင်းရှောင်း၏ အခန်းတံခါးက တစ်ဝက်ပွင့်နေခဲ့ပြီး သိပ်မဝေးသည့် ညာဘက်တွင် နွေးထွေးသည့် လိမ္မော်ရောင် မီးက မှောင်နေသည့် စင်္ကြန်လမ်းအား အနည်းငယ်ဖိတ်ကျနေသည်။

သူမကို ဒီကို ဘယ်သူပို့ခဲ့တာလဲ???

ဟော်ဆွေ့ချန်း သူ့အခန်းထဲသို့ ပြန်လာခဲ့ပြီး ကုတင်ထောင့်တွင် အိပ်ပျော်နေသည့် ဟော်ရှောင်းရှောင်းအား ကြည့်လိုက်သည်။ စောင်ကို အတော်ကြာကြာ ခြုံထားသော​ကြောင့်  ကလေးသည် ချွေးအတော်ထွက်နေလေသည်။ သူမ၏နူးညံ့သည့်ဆံပင်နက်နက်လေးများသည် စိုနေပြီး သူမ၏နဖူးတွင် ကပ်နေသည်။

ဟော်ဆွေ့ချန်းက ပြုံးပြုံးလေး အိပ်နေတဲ့ အမူအယာနှင့် ကလေးလေးကြောင့်ဖြစ်ပေါ်နေသည့် အကွက်လေးကို စူးစိုက်ကြည့်နေမိသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now