Chapter 43:ယောင်္ကျား ပီသပါ ဖေဖေ (၁)
ဟော်ရှောင်းရှောင်းသည် ဟော်ဆွေ့ချန်းတစ်
ယောက် တစ်ဆင့်ပြီးတစ်ဆင့် မည်သို့သေဆုံးခဲ့ရသည်ကို သတိရသွားခဲ့သည်။ဖခင်ဖြစ်သူနှင့် သားဖြစ်သူ၏ ဆက်ဆံရေးပြိုကွဲမှုသည် သူ့၌ရှိသော စိုးရိမ်ပူပန်မှုများအားလုံးကို ဆုံးရှုံးသွားစေသည်။ ထိုအချိန်မှ စ၍ သူသည်ရာဇ၀တ်မှု အမျိုးမျိုးကို ကျူးလွန်တော့သည်။ လူများကို သတ်ဖြတ်ခြင်းများအပြင် မီးနှင့်ရှို့ကာ အရာအားလုံးကိုအဆုံးသတ်တော့သည်။
သူမ၏ဖခင်သည် မိမိကိုယ်ကိုအရှုံးပေးထားသော ဗီလိန်တစ်ယောက် ဖြစ်ဖွယ်ရှိသည်။ သို့သော် သမီးဖြစ်သော သူမသည် ထိုသူ၏အစားအစာကိုစား၊ ထိုသူ၏ရေကိုသောက်ပြီး ထိုသူ၏အခန်းထဲ၌ အိပ်ခဲ့သည့်သမီးတစ်ဦးအနေဖြင့် သူမထိုကဲ့သို့ဖြစ်သွားရန် မလွှတ်ထားနိုင်ပေ။
ဖခင်နှင့်သားအကြား သဘောထားကွဲလွဲမှုကို ပထမဆုံးပြုပြင်မှသာလျှင် သူမ၏နောက်ဆက်တွဲ ကယ်ဆယ်ရေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
" ဘာဖြစ်သွားတာလဲ? " ဟော်ဆွေ့ချန်းသည် သူ၏ သတိလစ်နေသောဖခင်အား ကြည့်ရှုခဲ့ပြီး သူ၏ဂုဏ်သိက္ခာရှိရှိမျက်နှာသည် အကြိမ်ကြိမ်ပြောင်းလဲနေတော့သည်။
" ဘာတွေဖြစ်သွားလဲ ဦးလေးသေချာမသိလိုက်ပါဘူး။ သခင်ကြီးက သူတစ်ယောက်တည်း နေချင်တယ်လို့ပြောတယ်။ အခု ဦးလေးဝင်လာတော့ သခင်ကြီး ဆိုဖာပေါ်မှာ သတိလစ်နေတော့တာပါပဲ "
“ လူအိုကြီးက အမြဲတမ်း ကျန်းမာရေးမကောင်းတာ၊ ဆရာဝန်က သူစိတ်လှုပ်ရှားလို့မရဘူးလို့ ပြောတယ်။ ဦးလေးအပြစ်တွေပါ။ အဲဒီအချိန်တုန်းက သခင်ကြီးကို ဘယ်လိုမှ ဖျောင်းဖျလို့မရနိုင်ခဲ့ဘူး ” ချန်ပေါ်က အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။
သူ့သခင်၏ နှလုံးရောဂါသည် ရှည်လျားသောနောက်ကြောင်းများ ရှိလေသည်။ သူ၏သခင်သည် အသက်ငယ်စဉ်ကပင် ဝေဒနာများစွာကို ခံစားခဲ့ရသည်။ မည်သည့်ကာယပိုင်းအဆင်မပြေမှုမဆို နှလုံးကိုထိနိုင်လေသည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.