Chapter 149: အလတ်တန်း (၃)
တကယ်တော့ ဘာမှမဖြစ်ပါဘူး! အငယ်တန်းကဆရာမက သူမကို ကလေးလေးတစ်ယောက်လို အရမ်းဂရုစိုက်နေတတ်ပြီး ဤသည်မှာ သူမအတွက် သိပ်အသုံးမ၀င်ဘဲ စိတ်ဝင်စားစရာလည်း ဘာမှမရှိပေ။
" အိုခေ "
သူထင်ထားသလို မပျော်သွားသောကြောင့် ဟော်ဆွေ့ချန်း အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
" သမီးကအလတ်တန်းကို ပြောင်းချင်ရဲ့လား "
"အင်း ရပါတယ်!"
" ကောင်းပြီ၊ အဖေ သမီးကို ကျောင်းအုပ်ကြီးကျိုးဆီခေါ်သွားပြီး အလတ်တန်းကိုလွှဲမယ့်အကြောင်း သူနဲ့ စကားပြောရလိမ့်မယ်. . . အဲ့က ကလေးတွေ သမီးကိုအနိုင်ကျင့်ရင် အဖေ့ကိုပြော၊ အိုခေလား?"
" သမီး မကြောက်ပါဘူး၊ ယီချန်းက သမီးကို ကာကွယ်ပေးလိမ့်မယ် "
ဟော်ဆွေ့ချန်း မျက်ခုံးပင့်လိုက်ပြီး "တကယ်လား??"
"ဟုတ်တယ်! အဲ့ဒါကြောင့် စိတ်မပူနဲ့တော့ဖေဖေ "
ယမန်နေ့ညက ကျောင်းအုပ်ကြီးကျိုးသည် ဟော်ရှောင်းရှောင်းအား အတန်းလွှဲပြောင်းလိုကြောင်း ဟော်ဆွေ့ချန်းဆီမှ ဖုန်းလက်ခံရရှိပြီးနောက် ဟော်ရှောင်းရှောင်းအတန်းရှိ ဆရာမများစွာ၏ဖုန်းနံပါတ်ကို လှမ်းခေါ်ရလေသည်။ ဟော်ရှောင်းရှောင်းသည် ကျောင်းတွင် အချိန်တိုတစ်ခုသာရှိခဲ့ပြီး ဤမျှအချိန်အတွင်း အတန်းမပြောင်းသင့်ဟုပြောသော ရှုမန်ယင်မှလွဲ၍ အခြားဆရာမများစွာသည် ဟော်ရှောင်းရှောင်း၏ လက်ရှိဘဝနှင့် တွေးခေါ်နိုင်စွမ်းတို့ကြောင့် သူမအားလွှဲပြောင်းပေးသင့်သည်ဟု ထင်ခဲ့ကြသည်။
ထို့ကြောင့် ကျောင်းသို့ရောက်ပြီးနောက် ဟော်ရှောင်းရှောင်း၏ အတန်းကူးပြောင်းမှု လုပ်ထုံးလုပ်နည်းသည် လျင်မြန်စွာပြီးစီးသွားခဲ့ပြီး ဟော်ဆွေ့ချန်းကို ကြာရှည်စွာ မနှောင့်နှေးစေခဲ့ပေ။
" ရှောင်းရှောင်း ဒါက အလတ်တန်းကဆရာမ ရှန်ဟော်နော်. . . နာမည်အရင်းကထန်း၊ အခုကစပြီး မစ္စထန်းက သမီးကို ဂရုစိုက်လိမ့်မယ် "
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.