Chapter 91: သေစမ်း! မူကြိုကျောင်းမှာ ရန်ပွဲအကြီးစားတစ်ခု!(၂)
သူတို့ကို လှုံ့ဆော်ပေးနေမှုသည် သူမ၏အစီအစဉ်အတွက် ပိုမိုထိရောက်လေသည်။ ကလေးသုံးယောက်သည်လည်း ဒေါသချောင်းချောင်းထွက်ကာ ထိုင်နေကြ၏။
ဘေးနားရှိ ကိုယ်ပိုင်နို့ဘူးမှ နို့များကိုစုပ်သောက်လိုက်ကြပြီး သူတို့အားလုံးသည် အတုံးလေးများကို စတင်ပြင်ဆင်ကြတော့သည်။
ဤနေရာရှိ လုပ်ဆောင်ရပုံများသည် အလွန်ရိုးရှင်းလွန်းသည့် သစ်ပင်ငယ်လေး၊ အိမ်နှင့် ကားတစ်စီး၏ အရောင်အနည်းငယ်သာရှိသည်။ သို့ရာတွင် နှစ်နှစ် သို့မဟုတ် သုံးနှစ်သားအရွယ် ကလေးငယ်လေးများအတွက်တော့ ၎င်းသည် ခက်ခဲနက်နဲသော ပြဿနာတစ်ခုဖြစ်နေလေသည်။
ကလေးသုံးယောက်သည် ခဏကြာအောင် ဆက်နေသော်လည်း တစ်ဝက်လောက်ကိုသာ ပြီးအောင်လုပ်နိုင်ကြသည်။ မတူညီသော အရောင်မျိုးစုံရှိနေသည့် မဆက်ရသေးသည့်အတုံးများကို အခြားတစ်ဘက်တွင် စုထားကြ၏။
ဟော်ရှောင်းရှောင်းသည် သူမ၏ကျောင်းလွယ်အိတ်မှ ချိစ်ချောင်းကို ထုတ်ယူလိုက်ပြီး စားသောက်နေကာ ကောင်လေးများ၏ မကျေမနပ်ဖြစ်နေသော အမူအရာများကို သဘောခွေ့နေလေသည်။ ထို့အပြင် သူမသည် မကြာခဏဆိုသလို ထေ့ငေါ့နေသည့် စကားများကို ပြောဆိုရန်လည်း မေ့မနေခဲ့ပေ။ " နင်တို့မှာ အရည်အချင်း မရှိဘူးလားဟင်?? အိုး. . . မလုပ်နိုင်တော့ဘူးဆိုလည်း ထားလိုက်ပါတော့လေ. . . အခုချိန် ဥာဏ်တုံးနေသေးပေမယ့်လည်း အနာဂတ်မှာတော့ ပိုထက်မြက်လာမှာပါဟာ ”
"မင်း ... မင်းစောင့်နေလိုက်!"
အတုံးလေးများနှင့် အချိန်အကြာကြီး တွဲဆက်ကစားပြီးနောက်တွင်တောင် အဆောက်အအုံသည် အဆင်သင့်မဖြစ်သေးပေ။
ဟော်ရှောင်းရှောင်းသည်လည်း နို့ဘူးစုပ်သောက်လိုက်ပြီး မတ်တပ်ထရပ်လိုက်၏။ " ငါလုပ်တာကို ကြည့်နေကြ "
ငါးမိနစ်မပြည့်မီတွင် သူမသည် အတုံးလေးများအားလုံးကို တည်ဆောက်နိုင်ခဲ့သည်။
ကောင်လေးတစ်ယောက်က ကျိုးကျိုး၏ နားလေးအနားသို့ ကပ်ကာ လေးနက်စွာပြောလိုက်၏။ " သူက အရမ်းတော်တယ်နော် "
VOCÊ ESTÁ LENDO
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.