Chapter 21: သူမ ဘောင်းဘီကို ဘယ်သူလဲလိုက်တာလဲ (၂)

7.1K 979 6
                                    

Chapter 21: သူမ ဘောင်းဘီကို ဘယ်သူလဲလိုက်တာလဲ (၂)

သူအိပ်ရာနိုးမယ့် အချိန်ကိုလည်း ငါမသိဘူး. . . အကယ်၍ ငါလေးမနက်အစောကြီး မနိုးရင်ကော. . .

သူမ၏ခေါင်းသေးသေးလေးကို စဥ်းစားဖို့ သုံးရင်း သူမ သေလောက်အောင် ရှက်ဖို့ကောင်းလွန်းသောကြောင့် ထိုင်မစောင့်နိုင်သလို ခံစားလိုက်ရသည်။

သူမ ကုတင်အစပ်နားသို့ ဖြည်းဖြည်းချင်း တွားသွားခဲ့ပြီး ကုတင်ပေါ်မှ ဂရုတစိုက် ဆင်းလိုက်သည်။

ဤကုတင်သည် သူမအခန်းထဲရှိ ကုတင်ထက် အများကြီးပိုမြင့်လေသည်။ သူမ၏ ခြေထောက်တွေက လေထဲတွင် အကြိမ်အနည်းငယ်လောက် ယိမ်းနေခဲ့သည်။ သူမ၏လက်များက အိပ်ယာခင်းအား ဆုပ်ကိုင်ထားပြီး ဖြည်းဖြည်းချင်း ဆင်းနေသည်။ နောက်ဆုံးမှာတော့ သူမ၏ခြေချောင်းလေးများက ကြမ်းပြင်နှင့် ထိသွားခဲ့ပြီး ထိုအခါမှသာ သူမ ဆုပ်ကိုင်ထားခြင်းကို လျော့ချလိုက်တော့သည်။ သူမ၏ကိုယ်ကို ပိုခန့်မှန်းထားသောကြောင့် ဟော်ရှောင်းရှောင်း နောက်ပြန်ကျသွားခဲ့ပြီး သူမ၏တင်ပါးက ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။

ကံကောင်းစွာနှင့် ဒီအခန်း၏ကြမ်းပြင်အား ကောဇောထူထူနှင့် ခင်းထားသောကြောင့် သူမ ကျသွားသည့်အချိန်က သိပ်မနာသွားခဲ့ပေ။

ဒါက သူမကို တကယ် ကြောက်လန့်စေသည်ပင်။

“…”

ဟော်ရှောင်းရှောင်း နှာမှုတ်လိုက်တော့သည်။ မေ့လိုက်တော့. . . သူမက တစ်နှစ်ပဲ ရှိသေးပြီး ပုနေတာ ဘယ်သူ့အပြစ်လဲ!

သူမ အခန်းထဲသို့ ဝင်လာတုန်းက မှတ်ဉာဏ်များကို အားကိုးကာ ဤမှောင်မဲနေသည့် ပတ်ဝန်းကျင်ရှိ စားပွဲခုံဆီသို့ ဟော်ရှောင်းရှောင်း လျှောက်သွားခဲ့သည်။ ထိုပေါ်တွင် စက္ကူလက်သုတ်ပုဝါ ရှိသင့်သည်။ သူမက စက္ကူလက်သုတ်ပုဝါအချို့အား ယူကာ ရေကို စုပ်ယူရန် အိပ်ယာခင်းပေါ်တွင် တင်မည်။ ဤအရာသည် မြန်မြန်ခြောက်သွေ့နိုင်ရန် ကူညီပေလိမ့်မည်ဖြစ်သည်။

သို့သော်လည်း သူမလေးသည် သူမ၏ဦးတည်ချက်အသိအား နောက်တစ်ခေါက်ပို၍မှန်းဆနေပုံရသည်။ အမှောင်ထဲတွင် နှစ်ပတ်လှည့်ပြီးသည့်နောက် အခြေခံအကျဆုံးအရပ်လေးမျက်နှာအကြောင်းပင် သူမ မတွေးမိတော့ပေ။ သူမသည် ထိုနေရာ၌ပင် ရပ်လျက် မည်သည့်နေရာသို့ သွားရမည်ဟု တွေးနေမိသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now