Chapter 120: အဖေတွေအားလုံး အတူတူပဲလား (၂)

5.5K 877 22
                                    

Chapter 120: အဖေတွေအားလုံး အတူတူပဲလား (၂)

နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးတစ်ယောက်က Rubik's Cubeကို ဒီလောက်တောင် ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းနိုင်တာလား??

ဟော်ရှောင်းရှောင်းက ဆရာမအပေါ် အပြစ်လွှချလိုက်သည်။ " ဆရာမ အရင်က သင်ပေးထားတာ "

" သမီးက ဒီလောက်မြန်မြန် တတ်သွားတယ်လား "

" ဒါက အရမ်းလွယ်တယ်လေ. . ဒီလို၊ ဒီလို၊ ပြီးတော့ ဒီလို၊ ပြီးတော့ မြင်တဲ့အတိုင်းပဲ၊ ပြီးသွားပြီ " ဘာပဲဖြစ်ဖြစ် သူမအဖေက ဦးနှောက်အတွင်းပိုင်းကို ကြည့်ဖို သူမဦးနှောက်ကို ဖွင့်မစစ်နိုင်ပေ။

ဟော်ဆွေ့ချန်းကလည်း သံသယသိပ်မဝင်ပေ။ Rubik's Cubeကို စိတ်ဝင်စားကြသည့် ထက်မြက်သောကလေးများစွာရှိကြသည်။

ယီချန်းကို ထပ်ကြည့်လိုက်တော့ စိတ်ရှုပ်ထွေးနေတဲ့ အကြည့်ကို တွေ့လိုက်ရပြီး သူ့ခေါင်းကို ခါလိုက်သည်။

ယီချန်းသည် Rubik's Cubeကို လှည့်လိုက်သည်။ ထိုနောက် ထပ်ရပ်တန့်လိုက်၏။ " ငါ ဒါကို နားမလည်သေးဘူး "

" အဆင်ပြေပါတယ်၊ ထပ်လေ့ကျင့်လိုက်ရင် နင် နားလည်သွားလိမ့်မယ် "

ဟော်ဆွေ့ချန်း သူတိုကို သတိမပေးဘဲ မနေနိုင်ပေ။ " ကောင်းကောင်းထိုင်ကြ "

ဟော်ရှောင်းရှောင်းက 'အင်း' ဟု ပြောပြီး သူမထိုင်ခုံပေါ် ထပ်မမှီတော့ဘဲ ငြိမ်သက်စွာ ထိုင်နေသည်။

လမ်းဆုံရှေ့ရှိ ယာဉ်ကြောပိတ်ဆိုမှုသည် နောက်ဆုံးမှာတော့ ရှင်းသွားပြီး Bentley ကားလေးသည် နာရီဝက်ကြာပြီးနောက် Ocean Park ကားရပ်နားရာသို ဖြည်းဖြည်းချင်း မောင်းဝင်လာခဲ့သည်။

ပိတ်ရက်များတွင် Ocean Parkသည် လူများဖြင့် ပြည့်နှက်နေပြီး မိဘများသည် ကလေးများနှင့်အတူ ပန်းခြံထဲမှာ လှည့်လည်သွားလာနေသည်ကို တွေ့မြင်နိုင်သည်။ ကလေးတွေသည် တစ်ယောက်ပြီး တစ်ယောက် ရယ်မောကာ အော်ဟစ်နေကြတာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် ဓာတ်ပုံတွေ ရိုက်ကြတာမျိုးဖြစ်ဖြစ်၊ သရေစာ စားဖို ပွက်ပွက်ညံအောင် တောင်းဆိုတာမျိုးဖြစ်ဖြစ် ပြုလုပ်နေကြသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Où les histoires vivent. Découvrez maintenant