Chapter 9: ထပြီး အစာကျွေးတော့ (၂)

7.8K 1K 50
                                    

Chapter 9: ထပြီး အစာကျွေးတော့ (၂)

ဟော်ရှောင်းရှောင်းလည်း နို့ဘူးကို ကိုင်ပြီး ပျော်ရွှင်စွာနဲ့ စုပ်သောက်နေလိုက်တော့သည်။ သူမအဖေက အခန်းထဲတွင် ရှိနေသေးပြီး သူမကို ကြည့်နေသေးသော်လည်း သူမကတော့ သူမအဖေကို အာရုံမစိုက်တော့ပေ။

နို့ဘူးသေးတစ်ဘူးကို သောက်ပြီးသွားတဲ့အချိန်မှာ ဟော်ရှောင်းရှောင်း လေချဥ်တက်လိုက်တာကြောင့် သူမပါးစပ်တွင် နို့ပူစီပေါင်းလေးတွေနဲ့ ပြည့်နေတော့သည်။ သို့သော်လည်း နို့သီးခေါင်းကို သူမပါးစပ်မှ ထုတ်ယူသွားသည်ကို မခံနိုင်သေးသောကြောင့် ဆက်ပြီးစုပ်နေလိုက်တော့သည်။

ကလေးနို့ဘူး ကုန်သွားသည်ကို မြင်တဲ့အချိန်မှာတော့ ဟော်ဆွေ့ချန်းက သူမကို မနှောင့်ယှက်တော့ဘဲ သူမဆီက နို့ဘူးကိုသာ ရက်ရက်စက်စက် ဆွဲယူလိုက်တော့သည်။

နို့သောက်ပြီးသွားတဲ့အချိန်မှာတော့ သူမရဲ့ဆာလောင်မှုလည်း သဲလွန်စတောင် မရှိဘဲ ပျောက်ကွယ်သွားတော့ သည်။ ဟော်ရှောင်းရှောင်းလည်း စိတ်ကောင်းဝင်နေတာကြောင့် သူမအဖေက သူမ၏နို့ဘူးကို ဆွဲယူပြီး လက်စားချေမှုအား ဂရုစိုက်မနေတော့ပေ။ ထိုအချိန်၌ သူမတွင် စွမ်းအင်တွေ အကန့်အသတ်မရှိသလို ခံစားနေရပြီး နောက်ဆုံးမှာတော့ သူမခြေထောက်တွေကို ထုပ်ထားသည့် ဝတ်စုံကို ဖယ်ရှားနိုင်လိုက်သည်။

ဝတ်စုံပေါ်မှ အစွန်းအထင်းတွေကို တစ်ချက်ကြည့်လိုက်ပြီး ဟော်ဆွေ့ချန်းလည်း ဝတ်စုံကို ဆွဲမလိုက်ကာ သူမကို ထုတ်ပေးလိုက်တော့သည်။ 

နောက်ဆုံးမှတော့ာ နံစော်နေသည့် ဝတ်စုံမှ သူမ လွတ်မြောက်သွားသည့်အတွက် အရမ်းကို ကျေးဇူးတင်နေတော့သည်။

အဖေက သမီးကို တော်တော်ဆိုးတဲ့ ဒုက္ခကနေ ကယ်တင်ပေးခဲ့တာပဲ....

ဘယ်လောက်တောင် ကောင်းတဲ့ဖေကြီးလဲ...

ငါ ငါ့အဖေကိုပဲ အမြဲတမ်းချစ်သွားတော့မယ်...

အဲ့နောက်မှာတော့ ဟော်ဆွေ့ချန်းက သူမကို ရေချိုးခန်းထဲကို သယ်သွားပြီး သူမကို လက်ဆေးကန်ထဲ ထည့်ထားလိုက်ကြောင့် မျက်မှောင်ကြုတ်မိသွားတော့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now