Chapter 86: ဖေဖေ့အတွက် လိပ်လေးတစ်ကောင် ဆွဲပေးမယ် (၃)

5.8K 902 30
                                    

Chapter 86: ဖေဖေ့အတွက် လိပ်လေးတစ်ကောင် ဆွဲပေးမယ် (၃) 

“ သမီး ဖေဖေ့ရဲ့လိပ်လေးကို လျှော်လိုက်တာ… ”

" အဲ့ဒါကို လျှော်လိုက်လည်း  အဆင်ပြေပါတယ်...ကိစ္စမရှိဘူး...မငိုနဲ့တော့နော် "

" ဖေဖေ နှစ်တစ်ထောင်လောက် အသက်မရှည်နိုင်တော့ဘူး "

" …ဖေဖေ အသက်ရှည်မှာပါ...လိပ်ကို လျှော်လိုက်ရင်တောင် သမီးဖေဖေက နှစ်တစ်ထောင်လောက် အသက်ရှင်နိုင်ပါတယ် ”

အဆုံးတွင် သူမ ပင်ပန်းသွားပြီး  ဟော်ရှောင်းရှောင်း အငိုတိတ်သွားတော့သည်။

ဟော်ဆွေ့ချန်း ဧည့်ခန်းထဲတွင် ထိုင်နေမိပြီး သူ့ရှေ့က အနည်းငယ် ပျက်သွားတဲ့ လိပ်လေးနှင့်အတူ ဆင်တူအဝတ်အစားသုံးစုံကို ကြည့်နေမိသည်။

သူ့ရှပ်အင်္ကျီက လျှော်ပြီးလုနီးပါပင်။ ၎င်းသည် မူလက လိပ်တစ်ကောင်ဖြစ်ကြောင်း သိရန် ခဲယဉ်းသော်လည်း လိပ်ကို ကလေးက အာရုံသေချာစူးစိုက်ပြီး ဆွဲထားသည်ကို အခြားအထည်နှစ်ခုက သက်သေပြနေသည်။

“ … ”

' ရှောင်းရှောင်းမျှော်လင့်ခဲ့တာက အဖေနဲ့သမီးနှစ်ယောက်လုံး နှစ်တစ်ထောင် အသက်ရှည်တဲ့ လိပ်အိုကြီးလိုဖြစ်ဖို့ပါပဲဗျာ '

ဟော်ဆွေ့ချန်း သူ့မျက်လုံးတွေကို မှိတ်လိုက်တော့သည်။

ဒါသည် အင်္ကျီတစ်ထည်သာဖြစ်ပြီး လိပ်တစ်ကောင်သာဖြစ်သည်။

သူ အရမ်းစိတ်လိုက်မာန်ပါ မလုပ်ခဲ့သင့်ပေ။ အဲ့အစား မလုပ်ခင် သူ ရှင်းရှင်းလင်းလင်း မေးခဲ့သင့်သည်။

ဟော်သခင်ကြီး အောက်ထပ်ကို ဆင်းလာခဲ့ပြီး ဆိုဖာပေါ် ထိုင်နေသည့် ဟော်ဆွေ့ချန်းကို ကြည့်ပြီး သက်ပြင်းချလိုက်တော့သည်။ " ကလေး အိပ်ပျော်သွားပြီ "

ဟော်ဆွေ့ချန်းက " ဟုတ်ကဲ့ " ဟု ပြန်ပြောလိုက်သည်။

“ ဒါက မင်းအနေနဲ့ အဖေတစ်ယောက်ဖြစ်တာ ပထမဆုံးဆိုတာ ငါ သိတယ်၊ ပြီးတော့ မင်းမှာ အတွေ့အကြုံမရှိဘူးဆိုတာလည်း ငါ သိတယ်၊ ဒါပေမယ့် အနည်းဆုံးတော့ မင်း ကလေးတွေကို စိတ်ရှည်ရမယ်လေ...အကြောင်းအရင်း မမေးဘဲ ကလေးကို လွယ်လွယ် အပြစ်တင်လို့ မရဘူး...မင်းအတွက် သူ ဆွဲပေးထားတဲ့ ပန်းချီကို လျှော်ပစ်ဖို့ မင်း ပြောခဲ့တယ်...ကလေးကို ဘယ်လောက်တောင်ဝမ်းနည်းစေလိုက်မလဲ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now