Chapter 4 : ဗီလိန်နှင့် တွေ့ဆုံခြင်း (၄)

7.9K 1K 35
                                    

Chapter 4:ဗီလိန်နှင့် တွေ့ဆုံခြင်း (၄)

" က‌လေး ဘယ်ရောက်သွားတာလဲ "

ထိုစကားများသည် မွန်းကျပ်ဖွယ်ဖိအားများမှတဆင့် သူနာပြုဆရာမ၏နားထဲကို ရောက်သွားသည့်အချိန်မှာပင် သူမ ချက်ချင်းပဲ ချွေးစေးတွေ ထွက်လာခဲ့သည်။

ကလေး ပျောက်သွားပြီ...ပြီးတော့ အဲ့ဒါကလည်း ဆေးရုံရဲ့တာဝန်ပျက်ကွက်မှုကြောင့်ပဲ... ဒါက သူမ တာဝန်ယူနိုင်တဲ့အရာ မဟုတ်ပေ။

ထိုချိန်မှာပဲ ကျီရှုယန်က ကားပါကင်ကို ရောက်ရှိနေပြီဖြစ်သည်။ ဟော်ရှောင်းရှောင်းကို passenger seatမှာ ထားလိုက်ပြီး နောက်ကြည့်မှန်နဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ထုပ်ထားတဲ့စောင်ထဲမှာ ရှိနေတဲ့ဟော်ရှောင်းရှောင်းကို ချော့မြူနေလေသည် " လိမ္မာပါတယ် ဦးလေး မင်းကို ခေါ်သွားမယ်နော်... "

...သုံးလအရွယ် ကလေးတစ်ယောက်ကို ရှေ့ခုံမှာ ထားထားတာလား...

ရှင့်ရဲ့ထိုင်ခုံခါးပတ်ကို မပတ်သေးဘူးလား....

ရှင် ဥပဒေကို မသိဘူးလား...

သူမ ထိတ်လန့်နေပြီဖြစ်သည်။...

မီးနီမှာ ရပ်လိုက်ပြီးနောက် ကျီရှုယန်ဖုန်းကို ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည်စိတ်လှုပ်ရှားစွာဖြင့် နောက်ကြည့်မှန်ကို ကြည့်နေခဲ့သည်။ အသံနိမ့်နိမ့်နှင့် ကြိမ်းမောင်းလိုက်ပြီး အရှိန်ကိုအဆုံးထိနင်းလိုက်ကာ သူ့နောက်မှာရှိနေသည့်ကားနှင့်ယှဥ်မောင်းနေခဲ့သည်။

ကံကောင်းစွာပင် မနက်အစောကြီးဖြစ်ကာ လမ်းမကျယ်ကြီးပေါ်တွင် ကားသိပ်မများသည့်အတွက် ပိတ်ဆို့ခြင်းမခံခဲ့ရပေ။ အရှိန်မြန်လွန်းသည့်အတွက် အရှိန်လျှော့ရန် ညာဘက်ကို ကွေ့လိုက်သည့်အချိန်တွင် driftကြောင့် တာယာများသည် ကတ္တရာလမ်းမကြီးပေါ်တွင် သိသာတဲ့ခြစ်ရာကြီးများ ဖြစ်စေခဲ့ပြီး မီးခိုးတွေနဲ့ ပွတ်တိုက်မှုကြောင့် စူးရှတဲ့အသံများပါ လိုက်ပါလာခဲ့သည်။

ဤအကွေ့သည် သူမ၏ diaperလေးတောင်ကျွတ်ထွက်သွားတော့မလိုပင်။ ဟော်ရှောင်းရှောင်းသည် ကလေးငယ်တစ်ဦးသာဖြစ်သည့်အတွက်ကြောင့် ထိုင်ခုံကနေ လွင့်ထွက်မလိုတောင် ဖြစ်ခဲ့ပေသည်။ သူမကို ထုပ်ထားသည့် စောင်ထဲတွင် တုန်ယင်နေပြီး ထိုင်ခုံခါးပတ်ပေါ်က သားရေအပိုင်းအစလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမရဲ့လက်သေးသေးဖောင်းဖောင်းလေးနဲ့ တောင့်ခံထားလေသည်။ ဒီတစ်ခေါက်တွင် သူမ သေးခံထဲမှ သေးထွက်တော့မတတ်ပင်ကြောက်လန့်သွားခဲ့ပေသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now