Chapter 133 : မီးရှူးမီးပန်း မတော်တဆမှု (၃)

4.6K 729 13
                                    

Chapter 133 : မီးရှူးမီးပန်း မတော်တဆမှု (၃)

" ထတော့. . . မျက်နှာသစ်ဖို့လုပ်၊ ဖေဖေမင်းကို ညစာစားဖို့ခေါ်သွားပေးမယ် "

ဟော်ရှောင်းရှောင်း နိုးလာပြီးနောက် ကြွက်သားများပင် မလှုပ်ချင်တော့ပေ။ သူမမျက်နှာလေးကို အဖေဖြစ်သူ၏ပခုံးပေါ်တွင် မြှုပ်ထားလိုက်ပြီး ပွတ်တိုက်နေကာ " မျက်နှာသစ်ပေးပါ " ဟု ညည်းညူနေလိုက်သည်။

" ..." ဟော်ဆွေ့ချန်း သူ့ရှေ့ရှိစားပွဲပေါ်သို့ တက်ဘလက်ကိုတင်လိုက်ပြီး သူမကိုသန့်ရှင်းပေးရန် ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်၏။

Ocean World သည် ညနေငါးနာရီတွင် နေ့ခင်းဘက်ထက် ဧည့်သည်ပိုနည်းသည်။

ညပိုင်း မီးရှူးမီးပန်းများကိုမကြည့်သော လည်ပတ်သူခရီးသွားများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြခဲ့ကြသည်။

ဟိုတယ်၀န်ထမ်းများ၏ ဖိတ်ကြားချက်အရ ဟော်ဆွေ့ချန်းတို့အုပ်စုသည် ညဘက်မီးရှူးမီးပန်းများကိုကြည့်ရန် အပေါ်ဆုံးထပ်သို့ သွားခဲ့ကြ၏။

ညစာကိုလည်း ထိုနေရာတွင်သာ ထိုင်စားကြလေသည်။

ဟော်ရှောင်းရှောင်း၏ ဗိုက်အောင့်မှုကြီးသည် အိပ်ပျော်ပြီးနောက်သက်သာသွားကာ ယခုတော့ ဗိုက်ပြန်ဆာလာ၏။ သူမသည် အလွန်ဆာလောင်မွတ်သိပ်နေသလို ခံစားနေရကာ ညစာစားနေစဉ် ငရုတ်ကောင်းနှင့်ဟင်းသီးဟင်းရွက်များပင် သူမပါးစပ်ထဲ၌ အပြည့်အကျပ် ထည့်နေသေးသည်။

" ရှောင်းရှောင်း ကြက်ကြော်စားချင်လား?? " ယီချန်းက သူမအတွက် ကြက်ကြော်တစ်တုံး ရွေးပေးလိုက်သည်။

ကြက်ကြော်ကို မြင်လိုက်ရစဥ် ငြိမ်သက်နေသော ဟော်ရှောင်းရှောင်းဗိုက်လေး မသက်မသာ ဖြစ်သွား၏။ သူမသည် သံပတ်ပေးထားသကဲ့သို့ ခေါင်းသွင်သွင်ခါပြလိုက်ပြီး ချက်ချင်းငြင်းပယ်လိုက်သည်။ " ဟင့်အင်း ဟင့်အင်း ဟင့်အင်း! မစားချင်တော့ဘူး၊ ထားထားလိုက်တော့! "

" ...ဟုတ်ပြီ " ယီချန်းလည်း ကြက်သားအပိုင်းအစကို ပြန်ချထားလိုက်သည်။

ညစာစားပြီးချိန်တွင် မှောင်လုနီးနေပြီဖြစ်သည်။

မီးရှူးမီးပန်းများသည် ညရှစ်နာရီတွင် ဖောက်ကြမည်ဖြစ်ရာ ယခုတိုင် နာရီဝက်လိုသေး၏။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now