Chapter 94: ဖေဖေတော့ ပိုက်ဆံများများရှာနိုင်အောင် ကြိုးစားရမယ် (၂)

5.3K 876 11
                                    

Chapter 94: ဖေဖေတော့ ပိုက်ဆံများများရှာနိုင်အောင် ကြိုးစားရမယ် (၂)

ဆရာဝန် ဆိုလိုသည်ကို ဟော်ရှောင်းရှောင်း နားလည်သည်။ ဤမူကြိုကျောင်းသို့ ၀င်ရောက်နိုင်သော ကလေးများသည် ချမ်းသာကြွယ်ဝပြီး လေးစားဖွယ်ကောင်းသော မိသားစုများကို ပိုင်ဆိုင်ထားကြသည်။ ဘယ်သူကမှ Background ချို့တဲ့ခြင်း မရှိခဲ့ပေ။ ကလေးများသည် တစ်ယောက်နဲ့တစ်ယောက်၏အတွင်းသတင်းများကို မသိကြသော်လည်း လူကြီးများကတော့ မဟုတ်ပေ။

ရိုက်နှက်ခံရသော ကလေးများ၏မိဘများသည် နောက်ခံ Background ကြီးကြီးမားမားရှိပါက လုကျင်းရီနှင့် ရှန်းချန်မိဘများသည် ပြဿနာကို ဖြေရှင်းဖို့ သူတို့သားသမီးများအား အပြစ်တင်ရန် ရွေးချယ်လိမ့်မည်မှာ မလွဲဧကန်ပင်။

ကလေးငယ်အမြောက်အမြား၏ ဒဏ်ရာများကို ကောင်းမွန်စွာ ကုသမှုခံယူပြီးနောက် အတန်းအသီးသီးမှ ဆရာများက သူတို့စာသင်ခန်းများသို့ သူတို့ကို ပြန်လည်ခေါ်ဆောင်လာကြသည်။

ဟော်ရှောင်းရှောင်းကိုလည်း ရှုမန်ယင်က ပြန်ခေါ်သွားခဲ့သည်။

" ရှောင်းရှောင်း၊ ဆရာမ သမီးအတွက် သမီးအဖေကို ဆက်သွယ်ပြီးပြီ...သမီးအဖေက တခြားကလေးတွေရဲ့မိဘတွေနဲ့အတူ နေ့လည်ကျ ဒီမှာရှိလိမ့်မယ်...မကြောက်နဲ့နော်၊ ဆရာမ သမီးနဲ့အတူ လိုက်ပေးမယ် "

ဟော်ရှောင်းရှောင်း သူမရဲ့မကောင်းတဲ့ အကြံအစည်တွေကို သိလေသည်။ အဲ့ဒါကြောင့် သူမက ခေါင်းမော့ကာ တဝါးဝါးသမ်းဝေပြလိုက်သည်။

သူမက ဟော်ဆွေ့ချန်းအပေါ် ယုံကြည်မှုရှိသည်။ သူမရဲ့အဖေဟော်ဆွေ့ချန်းက ဒီလိုပေါ့ပေါ့တန်တန်မိန်းမတစ်ယောက်ကို ဘယ်သောအခါမှ ကြိုက်မှာမဟုတ်ပေ။

သူမ စာသင်ခန်းထဲ ဝင်လိုက်တဲ့အချိန်မှာပဲ သူမရဲ့အတန်းဖော်ကျိုးကျိုးက ဒေါသထွက်နေသည့်မျက်နှာနဲ့ ထွက်လာသည်။ " ဟော်ရှောင်းရှောင်း၊ မင်း အဆင်ပြေရဲ့လား...ငါ ခုနက အရမ်းအသုံးမကျခဲ့ဘူး...ငါ မင်းနဲ့ မင်းရဲ့ seesaw ကို မကာကွယ်နိုင်ခဲ့ဘူး...ငါ့ကို နည်းနည်းကြီးလာအောင် စောင့်ပေး၊ ပြီးရင် မင်းကို အနိုင်ကျင့်တဲ့ ကလေးတွေကို ငါ ရိုက်ပေးမယ် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now