Chapter 89 : ဖေဖေ့သမီးလေးက ဖေဖေ့ကိုလွမ်းနေပြီ (၃)
တီချယ်ရှုသည် အသက်သိပ်မကြီးသေးပေ။ သူမ၏ ပါးပြင်လေးသည် အနည်းငယ်ပြည့်တင်းနေပြီး ဖော်ရွေပျူငှာပုံပေါ်သည်။ " ဟဲလိုရှောင်းရှောင်း . . . တီချယ်ရှုက သမီးကို တစ်ခြားကလေးတွေနဲ့ တွေ့လို့ရအောင် အတန်းထဲခေါ်သွားပေးမယ် ဟုတ်ပြီလား "
ဟော်ရှောင်းရှောင်း ဟော်ဆွေ့ချန်းကို မော့မကြည့်ခင် ခေါင်းညိတ်ပြလိုက်သည်။
ဟော်ဆွေ့ချန်းက သူ့လက်ကို ဆုပ်ကိုင်ထားလိုက်ပြီး " ကျွန်တော် သူ့ကို အဲ့ဒီ့ထိရောက်အောင် ခေါ်သွားပေးမယ် "
ကျောင်းအုပ်ကြီးကျိုးက ပြုံးပြကာ ပြောလိုက်၏။ " တီချယ်ရှု. . မစ္စတာဟော်နဲ့ ရှောင်းရှောင်းတို့ကို ခေါ်သွားပေးလိုက်ပါ "
“ ဟုတ်ကဲ့ပါ။ မစ္စတာဟော် ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ " တီချယ်ရှုသည် လမ်းကိုရှေ့မှဦးဆောင်သွားကာ ဟော်ဆွေ့ချန်းအား အသံနိမ့်နိမ့်ဖြင့် ပြောပြနေခဲ့သည်။ “ မစ္စတာဟော်. . .ကလေးတွေက မူကြိုကို ပထမဆုံးအကြိမ်ဆို သိပ်မရင်းနှီးကြဘူး. . . ခဏနေလောက်ဆို ရှင်နဲ့မခွဲချင်ဘူးဆိုပြီး သေချာပေါက်ငိုလိမ့်မယ်. . .အဲ့ဒီ့ကျရင် နောက်ပြန်လှည့်မကြည့်ဘဲ ဒီတိုင်းပြန်သွားလိုက်ပါ။ ဒီလိုမှမဟုတ်ရင် ဒီနေ့ဒီကိုလာရတာ အလဟသ ဖြစ်သွားလိမ့်မယ် ”
ကလေးများ၏ မူကြိုကျောင်းတက်သည့် ပထမနေ့သည် တီချယ်ရှုအတွက် စိုးရိမ်စရာအကောင်းဆုံးနေ့ ဖြစ်၏။ သူမ မူကြိုတွင် ကလေးများစွာမြင်ဖူးသည်။ မငိုလေသည့်၊ မဆူညံလေသည့် ကလေးဆိုတာ မရှိသလောက်ပင်။
“ ကောင်းပါပြီ ”
ဒါကို ဟော်ရှောင်းရှောင်းတစ်ယောက် ကြားသွားပြီး နှုတ်ခမ်းကို မဲ့ရွဲ့လိုက်သည်။
' ငိုပြီး သူ့အဖေကို ပြန်မလွှတ်နိုင်ဘူးတဲ့လား??'
' ဒီမှာ ဒီလောက် လူတွေအများကြီး ကြည့်နေတာဟာကို ငါလေးက ဘယ်လိုလုပ်ပြီး ငိုနိုင်မှာလဲ?? ရှက်စရာ ကောင်းလွန်းတယ်နော် '
တီချယ်ရှုက စာသင်ခန်းရှေ့တွင် ရပ်တန့်လိုက်သည်။ အထဲဘက်တွင် ဆရာက ကလေးများကို သင်ခန်းစာများ သင်ပေးနေလေသည်။ တီချယ်ရှုသည် ဟော်ရှောင်းရှောင်း၏လက်ကို ဟော်ဆွေ့ချန်းထံမှ ဖြုတ်လိုက်ပြီး ဟော်ဆွေ့ချန်းသွားနိုင်ပြီဖြစ်ကြောင်း ညွှန်ပြလိုက်၏။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.