Chapter 2.1

1.2K 124 8
                                    

အခန်း ၂ စစ်ရေးအင်အား (အပိုင်း ၁)

စုယွိက သူ့အင်္ကျီလက်ဝကျယ်များကို လှုပ်ယမ်းကာ ထွက်ခွာသွားပြီး‌နောက် ကုယွင်က သူမလက်ထဲမှ စားလက်စ သခွားသီးတစ်ဝက်ကို ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူမက အခုန စားတာ အရမ်းမြန်လွန်းနေတာကြောင့် မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ဒီခေတ်မှာ အဟာရအမှုန့်တွေ မရှိတာကြောင့် လုံလောက်တဲ့ ကယ်လိုရီရဖို့နဲ့ ကြွက်သားကြီးထွားမှုကို အရှိန်မြန်တင်ဖို့အတွက် ဒီပရိုတင်းဓာတ်များတဲ့ အစားအစာတွေကို အသဲအသန်စားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပါဘူး။ ကုယွင်က သူမ၏သေးသွယ်သော ရုပ်သွင်ကို ကြည့်ရင်း စိတ်ဓာတ်ကျနေတော့သည်။ သူမရဲ့အရင်လို ခန္ဓာကိုယ်မျိုးရဖို့ အချိန်ဘဘ်လောက်ကြာကြာ တည်ဆောက်ယူရမှာလဲ????

ကုယွင်က စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းငုံ့နေသော အစေခံအိုကြီး၏ မကျေနပ်သော မျက်လုံးများကို တွေ့လိုက်ရတာကြောင့် ပခုံးတွန့်ကာ ပြုံးပြလိုက်သည်။ သူမက သူတို့သခင်ကို အနိုင်ကျင့်တာ မဟုတ်ပါဘူးနော်။ အဲ့တာက မာနကြီးလွန်းတဲ့ သူတို့ သခင်ရဲ့အပြစ်ပဲ!

အစေခံအိုကြီးက ပန်းကန်တွေကို ရှင်းနေရင်း ခေါင်းယမ်းကာ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဒီမိန်းခလေးက အရမ်းထက်မြက်ပြီး ပါးနပ်လွန်းတယ်။ တတိယစစ်သူကြီးက သေချာပေါက် သူမ အတွက် ပြိုင်ဘက်ဖြစ်မလာနိုင်ပါဘူး။

အစေခံအိုကြီးက သူ့ဘာသာသူ ညည်းညူရင်း ခြံဝင်းထဲကနေ ထွက်သွားသည်။ ကုယွင်က မြက်ခင်းပြင်ပေါ်မှာ ပေါ့ပေါ့တန်တန် လှဲလျောင်းလိုက်ပြီး မျက်လုံးကို အနည်းငယ် မှေးကျဥ်းကာ ပေါင်းပင်တစ်ပိုင်းကို ကောက်ကိုင်လိုက်ပြီး ဆော့ကစားနေသည်။

အခု အချိန်မှာ ချင်းချင်းက ပျောက်ဆုံးနေပြီး ဘယ်မှာမှန်း မသိနိုင်သေးပါဘူး။ လောလောဆယ် သူမမှာ သဲလွန်စ မရှိတာကြောင့် ဤခန္ဓာကိုယ်၏အစ်မနှစ်ယောက်မှ စတင်ရမည် ဖြစ်သည်။ စစ်သူကြီးအိမ်တော်က သူမ ကြာရှည်နေထိုင်ရမည့်နေရာ မဟုတ်သော်လည်း ယခုထွက်ပြေးလျှင် သူမကို လိုက်ရှာရ လွယ်ကူပေလိမ့်မည်၊ ထိုအချိန်ရောက်လျှင် သူမက ချင်းချင်းကိုရှာဖို့နေနေသာသာ သူမကိုယ်သူမတောင် ဂရုစိုက်နိုင်မည် မဟုတ်တော့ပေ။ ယခုအချိန်တွင် သူမ စစ်သူကြီးအိမ်တော်တွင် နေထိုင်ရမည်ဖြစ်သည်။ တချိန်တည်းမှာ ချင်းချင်းကို ရှာဖွေရမည်။ ချင်းချင်းကို ရှာမတွေခင် ထွက်ပြေးရန်လမ်းကြောင်းကို ကြိုတင်စီစဉ်ထားပြီး ချင်းချင်းကိုတွေ့တာနဲ့ အချိန်မနှောင်းခင် ထွက်ခွာနိုင်ရင် ပိုကောင်းပေလိမ့်မည်။ ကုယွင်က သူမစိတ်ထဲမှာ နောက်အစီအစဉ်များကို တွေးနေချိန်တွင် ရုတ်တရက် ပြင်းထန်တဲ့ ဗုံသံတစ်ခု ထွက်ပေါ်လာသည်။ ကုယွင်က မျက်လုံးကို ဖွင့်လိုက်ပြီး သေချာနားထောင်နေလိုက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now