Chapter 15.1/15.2

1K 87 1
                                    

အခန်း ၁၅ သူပုန်ခေါင်းဆောင် (အပိုင်း ၁)

ည....

မူလက မှောင်မဲနေလေ့ရှိသော ဂူထဲတွင် မီးတိုင်များထွန်းညှိုထားသောကြောင့် တောက်ပနေကာ ဂူကြီးတစ်ခုလုံး လင်းထိန်နေပြီး အဝေးမှ လှမ်းကြည့်လိုက်လျှင် မီးလောင်နေသကဲ့သို့ ဖြစ်နေသည်။ သံမဏိဓားများကိုင်ဆောင်ထားသည့် လူဒါဇင်ပေါင်းများစွာက အသက်သုံးဆယ်ကျော်အရွယ် အရပ်ဝတ်နှင့်လူတစ်ဦးကို ဝိုင်းရံထားကြသည်။ ထိုယောက်ျားက လက်နှစ်ဘက်ကို နောက်ပစ်ထားပြီး သူ့မျက်နှာက ငြိမ်သက်နေကာ အပြုံးမပျက်ဘဲ အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ထားသော ပုံရိပ်ကို သေသေချာချာ စိုက်ကြည့်နေသည်။

ဝတ်ရုံအောက်မှ ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော်ငြားလည်း ယွိလူကြီးမင်းက အေးစက်စူးစိုက်သည့်အကြည့်တစ်ခု သူ့အပေါ် တိုက်ရိုက်ကျရောက်နေသည်ကို ခံစားနေရသည်။ သူက ဤလျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲကို သုံးကြိမ်ထက်မနည်းတွေ့ဖူးသော်လည်း ထိုသူ၏မျက်နှာအမှန်ကို မမြင်ဖူးပေ။ သူ့အမည်မှာ မုစန်းဖြစ်သည်ကို သိရုံမှတပါး အများစုက သူ့အကြောင်းကို မသိကြပေ။ ထိုသူက လူမျိုးစုတွင် အဆင့်အတန်း မြင့်မားသောကြောင့် မည်သူကမျှ သူ့ကို ဖီဆန်ရန် မကြိုးစားကြပေ။

လူနှစ်ယောက်က တိတ်ဆိတ်စွာ စိုက်ကြည့်နေကြပြီး ရန်ကော်က စိတ်မရှည်စွာ မေးလိုက်သည်။ "ယွိလူကြီးမင်း၊ အနောက်ဆောင်မယ်တော်ကြီးနဲ့ ငါတို့ရဲ့ သဘောတူညီချက်က ဟောင်ဝမ် ကွန်လွန်ပြီးကတည်းက အဆုံးသတ်ပြီးပြီ။ မင်းက ဒီကို ဘာလာလုပ် တာလဲ"

(ဝမ်- ဘုရင်၊ ဘုရင်ခံ၊ နယ်မြေအပိုင်စားရသော မင်းသား)

အကြီးအကဲက သူတို့နဲ့ ပူးပေါင်းရတဲ့ အဓိကအကြောင်းရင်းက ဟောင်ဝမ် နန်းတက်ပြီးတာနဲ့ သူတို့ရဲ့ဘိုးဘွားတွေလိုမျိုး ရိုးရိုးရှင်းရှင်းနဲ့ သဘာဝအတိုင်း နေထိုင်နိုင်ဖို့ မူလက သူတို့ပိုင်ဆိုင်ခဲ့တဲ့ ပေ့ချန်ပတ်ပတ်လည်က နယ်မြေတွေကို ပြန်ပေးမယ်လို့ ကတိပေးခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် ဟောင်ဝမ်က ပုန်ကန်မှု မအောင်မြင်ဘဲ ကွပ်မျက်ခံရမယ်လို့ ဘယ်သူက ကြိုသိပါ့မလဲ? ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ အနောက်ဆောင်မယ်တော်ကြီးက ရွှေတွေအကြောင်းကို လုံးဝ ဖွင့်မပြောရဲခဲ့ဘူး။ အခု ဘာဖြစ်ကြတာတုန်း? သူတို့က နောင်တရနေပြီလား?!

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now