အခန်း ၃၃ စုလင်း၏ ဝန်ခံချက် (အပိုင်း ၂)
မြင်းနက်ကြီးက စစ်သူကြီးအိမ်တော်ရှေ့တွင် ရပ်တန့်သွားပြီး ယခုတစ်ကြိမ်တွင် သူတို့ရှေ့သို့ရောက်လာသော အစောင့်တပ်သား၏လှုပ်ရှားမှုက သိသိသာသာ နှေးကွေးနေသည်။ သူက သူ့ခြေလှမ်းများ မယိုင်သွားအောင် ထိန်းသိမ်းကာ လျှောက်လှမ်းနေပုံရသည်။
စုလင်းက မြင်းပေါ်ကနေ အရင် ဆင်းလိုက်ပြီး ကုယွင် မြင်းပေါ်မှ ဆင်းနိုင်ရန် ကူညီပေးလိုက်သည်။ အစောင့်စစ်သည်က တုန်တုန်ယင်ယင်ဖြင့် စုလင်းဆီမှ မြင်းဇက်ကြိုးကို လှမ်းယူလိုက်ပြီး စုလင်းကို နူတ်ဆက်လိုက်သည်။
"စစ်သူကြီး"
ကုယွင်ကို သွားခွင့်ပေးခဲ့တဲ့ စစ်သည်ငယ်လေးက စုလင်း သူမကို ပြန်ခေါ်လာတာကို တွေ့တာကြောင့် မျက်ရည်ကျလုမတတ် ဝမ်းသာသွားသည်။
ကုယွင်က အံ့သြနေပြီး စိတ်ရှုပ်နေသည်။ ဘာတွေ ဖြစ်နေတာလဲ? စစ်သူကြီးအိမ်တော်ရဲ့အပြင်ဘက်မှာ ရပ်စောင်နေတဲ့ အစောင့်တပ်သားတွေက ချည်သားအင်္ကျီအထူကြီးတွေကို ဝတ်ထားကြတယ်။ သူတို့က မတ်မတ်ရပ်နေကြပေမယ့် လှံတွေကို ကိုင်ထားတဲ့ သူတို့လက်တွေက အအေးဒဏ်ကြောင့် နီရဲနေသလို နီရဲနေတယ်၊ ပြီးတော့ သူတို့ အသက်ရှုလိုက်ရင် အဖြူငွေ့တွေ ထွက်နေသေးတယ်။ စစ်သူကြီးအိမ်တော်၏ ကြီးမားထူထဲသောတံခါးကို တင်းတင်း စေ့ထားပြီး တံခါးဘောင်တွင် တောက်ပပြီး ထင်သာမြင်သာရှိနေသည့် အဖြူရောင်အမှုန်အမွှားများ ကပ်ငြိနေသည်။ ကုယွင်က သူမဘေးနားတွင် ကြောင်တက်တက်ရပ်နေသော စုလင်းကို ကြည့်လိုက်ပြီး "ဘာတွေ ဖြစ်နေတာလဲ?"
ပင်းလျန့်... သူက ငါရဲ့စစ်သူကြီးအိမ်တော်ကြီး တစ်ခုလုံးကို အေးခဲသွားစေချင်နေတာလား? စုလင်းက အံကို တင်းတင်းကြိတ်လိုက်သောကြောင့် သူ့သွားများမှ အသံများ ထွက်လာသည်။ ကုယွင်က ရုတ်တရက် စိတ်ထဲကနေ စေ့ဆော်မှုတစ်ခု တဖျပ်ဖျပ် ပေါ်လာပြီး "ဒါက ပင်းလျန့်ကြောင့်လား?!"
မယုံနိုင်စရာကြီး မဟုတ်ဘူးလား?
စုလင်းက ခါးခါးသီးသီး ပြန်ဖြေလိုက်သည်။ "သူ့ဒေါသကို ပြေပျောက်စေမယ့် နည်းလမ်းကို အရင်ရှာရမယ် မဟုတ်ရင် မိုးလင်းသွားတာနဲ့ ဒါကို အဆုံးသတ်ဖို့ ပိုခက်ခဲလာလိမ့်မယ်" တံခါးတောင်မှ မယုံနိုင်ဖွယ် ဒီလို အေးခဲနေရင် အိမ်တော်ထဲမှာဆို ဘာတွေ ဖြစ်နေပြီလဲ? သူ တွေးတောင် မတွေးချင်တော့ဘူး။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"