အခန်း ၂၉ ထိပ်တန်းလက်ရွေးစင် စစ်သည်များ (အပိုင်း ၃)
အနက်ရောင်ဝတ်ထားသောလူများက စစ်ရေးလေ့ကျင့်ကွင်းပြင်တွင် ရပ်နေပြီး သူတို့၏မျက်နှာများကို အနက်ရောင်ပဝါဖြင့် ဖုံးထားသောကြောင့် သူတို့၏ အေးစက်နေသော မျက်လုံးများကိုသာ မြင်နိုင်သည်။ သူတို့က သူတို့၏ရည်ရွယ်ချက်ကို လုံးဝ ဖုံးကွယ်မထားဘဲ ကုယွင်ကို တည့်တည့်စိုက်ကြည့်နေကြသည်။
မကြာသေးမီက တိုက်ခတ်နေသော ညလေညင်းက ရုတ်တရက် ရပ်တန့်သွားပြီး ည၏လေထုကို ပိုမို တင်းမာလာစေသည်။ စင်မြင့်နှင့် စင်အောက်တွင် နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့နေကြပြီး တစ်ဖက်ဖက်မှ ဟန်ချက်ကို စတင်ချိူးဖျက်ရန် စောင့်ဆိုင်းနေကြသည်။ ထူးထူးဆန်းဆန်း အခြေအနေတွင် ဟန်ရှုက "မင်းတို့က ဘယ်တွေသူလဲ၊ စစ်သူကြီးအိမ်တော်ကိုတောင် ဝင်လာရဲတယ်ပေါ့၊ ရိုင်းစိုင်းလိုက်တာ၊ ဘယ်လိုတောင် သတ္တိရှိနေကြတာလဲ?"
အနက်ရောင်ဝတ် အမျိုးသားတစ်ယောက်က ရုတ်တရက် ရှေ့ကို လှမ်းလာပြီး ကုယွင်ကို လက်ညှိုးထိုးပြပြီး အမူအရာ လုပ်ပြလိုက်ရာ ကျန်လူများက လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ လူနှစ်ဆယ်ကျော်က အုပ်စုသုံးခု ခွဲလိုက်ပြီး အရှေ့၊ ဘယ်ဘက်နှင့် ညာဘက်မှ ဝိုင်းပြီး စင်မြင့်ဆီသို့ တိုးဝင်လာကြသည်။ မီးရှူးတိုင်ကို ကိုင်ထားသော စစ်သည်များက သူတို့၏လက်နက်များကို ဆွဲထုတ်လိုက်ချိန်တွင် ငွေရောင်အလင်းတန်းများ ပေါ်လာပြန်သည်။ ပထမဆုံး လှုပ်ရှားရန် ပြင်လိုက်သော စစ်သည်အနည်းငယ်က ချက်ခြင်း လဲကျသွားပြီး လခြမ်းသဏ္ဍာန်နှင့်တူသော ဓားပျံများက သူတို့၏လည်ပင်းကို ထိုးဖောက်ဝင်ရောက်နေသည်။
စုလင်း၏လင်းယုန်မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ ဤလူများအားလုံးက ကောင်းစွာ လေ့ကျင့်ထားသော အသေခံလူသတ်သမားများ ဖြစ်ကြသည်။ သူတို့က ကောင်းစွာ လေ့ကျင့်ထားသူများဖြစ်ကာ အရည်အချင်း မြင့်မားသောကြောင့် သာမန်စစ်သည်များက သူတို့ကို မယှဥ်နိုင်ဘဲ သေဆုံးသွားကြသည်။ မီးရောင်မရှိသော မှောင်မိုက်သော ပတ်ဝန်းကျင်က သာမာန်စစ်သည်များအဖို့ သူတို့ကို ကိုင်တွယ်ရန် ပို၍ပင် ခက်ခဲစေမည် ဖြစ်သည်။ စုလင်းက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"