အခန်း ၃၇ ဓားစာခံများကို ကယ်တင်ခြင်း (အပိုင်း ၃)
"မင်းက... ချင်းမော့!"
ကုယွင်က အဆိုပါ ပြောဆိုချက်ကို အသိအမှတ် ပြုခြင်း မရှိဘဲ သူမက တံခါးနှစ်ဘက်စလုံးတွင် ကိုယ်ဖျောက်ကာ ပုန်းအောင်းနေသည့် လော့ရန်နှင့် ကောကျင့်ယွင်တို့အား အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ကို ပို့လွှတ်လိုက်သည်။ လော့ရန်နှင့် ကောကျင့်ယွင်တို့ကလည်း ထိုအကြည့်ကို နားလည်နိုင်သည်။ ထိုအရာက သူတို့ကို အလျင်စလိုမလုပ်ဘဲ အခွင့်အရေးကို စောင့်ရန် ပြောနေခြင်းပင်။
နှစ်ယောက်သား တံခါးဝနားတွင် ထိတ်လန့်တုန်လှုပ်စွာ ရပ်နေကြပြီး နဖူးပေါ်မှ ချွေးများ ထွက်ကြလာသည်။ ထိုအချိန်တွင် စုလင်းတစ်ယောက်လည်း ထိတ်လန့်နေခဲ့သည်။ အနက်ရောင်ဝတ်လူများ ရောက်လာရသည့် အဓိက ရည်ရွယ်ချက်မှာ ချင်းမော့ ဖြစ်သည်။ ထိုအနက်ရောင်ဝတ်လူက သူမကို ချင်းမော့ဟု ခန့်မှန်းနိုင်ပြီး ကောင်မလေးအတွက် လဲလှယ်ရန် အဆိုပြုလာပါက သူမ၏ ပင်ကိုယ်စရိုက်အရ သူမက သေချာပေါက် သဘောတူမည် ဖြစ်သည်။ စုလင်းက သူ့လက်ဖဝါးများ အေးစက်သွားသလို ခံစားလိုက်ရပြီး နောက်အခိုက်အတန့်တွင် အရပ်ရှည်သောအသွင်သဏ္ဍန်တစ်ခုက တောင်ပေါ်မှ ပြေးဆင်းသွားပြီ ဖြစ်သည်။
ယန်းဟုန်ထျန်း၏မျက်လုံးများက မှေးကျဥ်းသွားသည်။ ချင်းမော့အတွက် စုလင်း၏ ခံစားချက်များက နက်နဲလွန်းနေပုံရသည်။ ဒါက သူ့အတွက် ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သူလို တပ်ဖွဲ့ဝင် အများအပြားကို ဦးဆောင်နေတဲ့ စစ်သူကြီးတစ်ယောက် အနေနဲ့ သူ့မှာ ဒီလိူမျိုး အားနည်းချက် မရှိသင့်ပါဘူး။
"ဒူးလေးကို ချလိုက်" အနက်ရောင်၀တ်လူက ကောင်မလေးကို ပစ်မချရဲဘဲ သူ့ရှေ့တွင် အကာအရံအဖြစ် ပိတ်ဆို့ထားသည်။ သူမက မြှားကို အရူးအမူး လွှတ်လိုက်ပြီး သူ့ကို မထိမှန်လျှင် ကလေးမလေးအတွက် ပို၍ပင် အန္တရာယ် များလာပေလိမ့်မည်။ ကုယွင်၏ဦးနှောက်က အလျင်အမြန် အလုပ်လုပ်နေပြီး သူမက သူမလက်ထဲမှ ဒူးလေးကို လုံးဝ လွှတ်မချခဲ့ပေ။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"