Chapter 41.5

561 58 0
                                    

အခန်း ၄၁ ပင်လယ်ဓားပြတို့ ကျဆုံးချိန် (အပိုင်း ၅)

သူမ မျက်လုံးကို ပြန်ဖွင့်လိုက်သည့်အချိန်တွင် နေရောင်က ပြတင်းပေါက်မှ ဝါးကန့်လန့်ကာကို ထိုးဖောက်ဝင်ရောက်နေကာ အခန်းတစ်ခုလုံးကို လင်းလက်နေစေသည်။

ကုယွင်က အမြန် ထလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကာ ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။ အပြင်ဘက်တွင် တောက်ပနေသော်လည်း နေမင်းက ပင်လယ်ရေမျက်နှာပြင်မှ စတင် မြင့်တက်စသာရှိသေးသောကြောင့် အချိန်သိပ်မနောက်ကျသေးကြောင်း ပြသနေသည်။

ကုယွင်က အခန်းထဲမှ ထွက်လာပြီး ကုန်းပတ်ဆီသို့ ရောက်လာသည်။ ကျုလင်ကျွန်းမှ အနက်ရောင်ရွက်လှေကြီးက စစ်သူကြီးစု၏ စစ်တိုက်လှေထက်ပင် ကြီးမားနေသေးသည်။ အရာခပ်သိမ်းကို နက်မှောင်သောသစ်လုံးများဖြင့် ပြုလုပ်ထားသောကြောင့် လူများကို အလွန်စိတ်ပျက်စရာကောင်းသော အငွေ့အသက် ပေးစွမ်းနေသည်။

အော်ထျန်းက မြင့်တက်လာသည့် နေရောင်ဆီသို့ လှမ်းကြည့်နေရင်း လှေပေါ်တွင် မတ်မတ်ရပ်နေသည်။ သူ၏ငွေဖြူရောင်ဆံပင်များက နေရောင်အောက်တွင် ရွှေရောင်ဖျော့ဖျော့ အရောင်ခြယ်ထားသည်။ အော်ထျန်းက ရုတ်တရက် သူမကို ပြန်လှည့်ကြည့်ကာ ညင်သာစွာ လက်ဝှေ့ယမ်းပြလိုက်သည်။ နေကို မျက်နှာမူထားသော ကုယွင်က သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ ပြုံးနေသည်ကို တွေ့လိုက်ရသည်။

ပြုံးနေတာလား? အော်ထျန်း ပြုံးတာကို သူမ တခါမှ မမြင်ဖူးဘူး ထင်တယ်! ကုယွင် နီးကပ်လာသည့်အချိန်တွင် သူ့၏မျက်နှာက ဘာမှမထူးခြားသော မျက်နှာထားသာ ပြန်ဖြစ်သွားတော့သည်။

"စုမိသားစုစစ်တပ်က ထွက်သွားပြီ" အော်ထျန်း၏ လေးနက်သော အသံက ကုယွင်ကို သတိပြန်ဝင်သွားစေသည်။ သူမ လှမ်းမျှော်ကြည့်ရှုလိုက်ရာ အဝေးသို့ ထွက်ခွာသွားသော လှေအုပ်စုကို မြင်လိုက်ရသည်။

သူမက မှန်ပြောင်းကို ကောက်ယူပြီး ကြည့်လိုက်ရာ ထိုအရာများက စုမိသားစုတပ်မတော်၏ တိုက်လှေကြီးများ ဖြစ်ကြောင်း သိသာလာသည်။ သို့သော်လည်း ဝေးကွာလွန်းသဖြင့် မှန်ပြောင်းဖြင့် ကြည့်နေသည့်တိုင် ကုယွင်က အခြေအနေအသေးစိတ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now