Chapter 42.1

558 60 0
                                    

အခန်း ၄၂ နန်းတော်မှ မကောင်းသတင်း (အပိုင်း ၁)

ချုံယွဲ့၏မြို့တော်မှ နွေဦးရာသီအစောပိုင်းက နွေဦးရာသီရောက်လာသည့် လက္ခဏာများကို ပြသနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်သည်။ နံနက်စောစော၌ မြို့တံခါးများတွင် လူများ တဖွဲဖွဲ ဝင်ထွက်သွားလာနေကြပြီး အနက်ရောင်ရထားလုံးတစ်စီးက မြောက်တံခါးမှ တဆင့် မြို့တွင်းသို့ ဝင်ရောက်လာသည်။ ရထားလုံးက ထုံးစံအတိုင်း စစ်ဆေးခံရန် မြို့စောင့်ကွပ်ကဲရေးဌာနသို့ ဦးတည်မောင်းနှင်လာသည်။ သို့သော်လည်း ရထားလုံးပေါ်တွင် စီးနင်းလိုက်ပါလာသူက ကန့်လန့်ကာကို မြှောက်လိုက်သည့်အခါ တပ်မှူးက ရှေ့သို့ လျှောက်လာရမည့်အစား တလေးတစားဖြင့် ချက်ခြင်း နောက်ဆုတ်သွားသည်။ ရထားလုံးက ဝန်ကြီးချုပ်အိမ်တော်ဘက်ဆီသို့ အလျန်အမြန် ပြေးထွက်သွားသည်။

ရထားလုံးထဲတွင် ကုယွင်က သူမဘေးမှ စုလင်းကို ကြည့်ကာ အသံတိုးတိုးဖြင့် "ကျွန်မဘာသာ သွားကြည့်လို့ရတယ်လေ၊ ရှင်က အိမ်တော်ကို ပြန်ပြီး အနားယူသင့်တယ်"

သူမ မြို့တော်သို့ ပြန်ရန် လိုအပ်လာသည့်အချိန်တွင် စုလင်းက မောင့်ချမ်မှ သမားတော်က ဆေးပညာမကျွမ်းကျင်သဖြင့် ဆေးကုသမှုခံယူရန် သူ မြို့တော်သို့ ပြန်မည်ဟု ပြောလာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ပြင်းထန်စွာ ခရီးနှင်ခဲ့ပြီးနောက် သူ့ဒဏ်ရာက အနည်းငယ် ပြန်ရောင်လာသည်။ သို့သော်လည်း ဒီလူက အလွန်ခေါင်းမာသောကြောင့် နွားရှစ်ကောင်ဆိုလျှင်တောင်မှ သူ့ကို သမားတော်ဆီ ဆွဲခေါ်သွားနိုင်မည် မဟုတ်ပေ။

သူတို့ နေ့ရောညပါ ရက်အတော်ကြာ ခရီးထွက်ပြီးနောက် စုလင်းက အမှန်တကယ် ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်အားထက်သန်စွာ မေးနေသေးသည်။ "မင်း နန်းတော်ထဲကို ဝင်နိုင်ဖို့ ကိုယ့်ကို စီစဉ်ပေးစေချင်လား?"

အဲဒါကို စဉ်းစားပြီးနောက် ကုယွင်က ခေါင်းခါလိုက်ပြီး "အခုတော့ မဟုတ်သေးဘူး၊ ကျွန်မတို့ မသွားခင် ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို အရင်မေးရမယ်"

ရထားလုံးက ရုတ်တရက် ရပ်တန့်သွားသည်။ ကုယွင်က ကန့်လန့်ကာကို ဖွင့်ကြည့်လိုက်ရာ ရထားလုံးက ဝန်ကြီးချုပ်အိမ်တော်ရှေ့သို့ ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ စုလင်းက သူမက ဖြစ်ပျက်ခဲ့သည်များကို သိရန် စိတ်စောနေမှန်း နားလည်နေပြီး သူမကို ဘာမှ ထပ်မမေးတော့ဘဲ တိုးတိုးလေးသာ ပြန်ပြောလိုက်သည်။ "ကောင်းပြီ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now