Chapter 4.4/4.5

1.1K 108 3
                                    

အခန်း ၄ လက်နက်ချခြင်း (အပိုင်း ၄)

စုယွိ စာဖတ်ခန်းကနေ ပြန်ဖို့ လှည့်ထွက်လိုက်တဲ့အချိန်မှာ သူတို့ဆီကို လာနေတဲ့ ကုယွင်နဲ့ ဝင်တိုးမိသွားခဲ့သည်။ အပြင်ဘက်က ကောင်းကင်မှာ တွဲလောင်းကျနေတဲ့ လပြည့်ဝန်းကြီးကို ကြည့်လိုက်ပြီး စုယွိက ဒေါသတကြီးနဲ့ "ညည့်နက်နေပြီ၊ မင်းက ဘာတွေ လုပ်နေတာလဲ၊ ဒီကို ဘာလာလုပ်တာလဲ?"

ကုယွင်က သူ့ကို အကြည့်တစ်ချက်တောင် မစွန့်ကျဲဘဲ စုရန်ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

စုရန်က သူ့ခေါင်းကို မော့လိုက်ချိန်တွင် ကုယွင်ကို တွေ့လိုက်ရတာကြောင့် သူက သူ့လက်ထဲမှ စစ်တုရင်တုံးလေးများကို ချလိုက်ပြီး မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။ စုယွိက အံ့အားသင့်သွားပြီး ခနအကြာတွင် သူ့မျက်နှာက မည်းမှောင်လာခဲ့သည်။ သူ့၏ဒုတိယအစ်ကိုဖြစ်သူက သူ့ကိုကျတော့ ဘာလို့ ဂရုတစိုက်နဲ့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တာကို သူ ဘာလို့ မတွေ့ဖူးရတာတုန်း။

"မရီးမှာ ဒီနေ့ ဒီကို လာဖို့ အချိန်ရှိနေတယ်ပေါ့"

"မရီး?" နဂိုကတည်းက စိတ်ထဲတွင် ကမောက်ကမဖြစ်နေသော စုယွိက စုရန်၏စကားကို ကြားလိုက်ရတာကြောင့် ချက်ချင်းပင် ပေါက်ကွဲထွက်လာကာ "အာ့ကော၊ မင်းက ရူးနေတာလား! ဒီမိန်းမက ဘယ်တုန်းက ငါ့တို့မရီး ဖြစ်သွားတာလတုန်း၊ ငါ သဘောမတူဘူး!"

စုရန်က လေးလေးနက်နက် ပြုံးလိုက်ကာ သူ့မေးခွန်းကို တုန့်ပြန်လိုက်သည်။ "သူ(မ)က တာ့ကောရဲ့ မိန်းမဆိုတော့ ငါတို့ မရီးပဲပေါ့"

အရေးကြီးဆုံးကတော့ ပင်းလျန့်က သူ(မ)ကို ရွေးထားပြီးသားလေ၊ အကြီးဆုံးအစ်ကိုက သဘောမတူရင်တောင် အသုံးမဝင်တော့ဘူး။

"တော်တော့!" စုယွိက အကြောင်းပြချက်ကို မသိတာကြောင့် "ငါ့ဘက်က အလွန်ဆုံးအနေနဲ့ သူ(မ)ကို ကိုယ်လုပ်တော်အဖြစ်ပဲ သတ်မှတ်ပေးနိုင်မယ်! အဲ့ထက် မပိုဘူး"

"နင်တို့ နှစ်ယောက် ဒီလိုပျင်းစရာကောင်းတဲ့ အကြောင်းအရာတွေ ပြောနေတာကို နားထောင်နေဖို့ ငါ စိတ်မဝင်စားဘူး။ ငါက ပစ္စည်းနှစ်မျိုးလောက် လိုချင်လို့ ဒီကို လာခဲ့တာ၊ သစ်သားတိုင်သုံးဆယ်နဲ့ အနည်းဆုံးသုံးလီလောက်အရှည်ရှိတဲ့ ဆူးနွယ်ပင်ပေါင်း ဆယ့်ငါးပင်လောက် လိုချင်တယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now