Chapter 11(1,2)

1K 109 5
                                    

အခန်း ၁၁ လူမဆန်တဲ့ လေ့ကျင့်ရေး (အပိုင်း ၁)

နွေလလယ်၏ မွန်းတည့်အချိန်၌ တောက်လောင်နေသော နေရောင်ခြည်က ပူပြင်းလွန်းတာကြောင့် ပြိုးပြိုးပြက်ပြက် လက်နေသည်။ စစ်သည်ငါးထောင်က စခန်းရှေ့တွင် တန်းစီနေကြပြီး တစ်ရှီးချန်၏လေးပုံတစ်ပုံလောက် ရပ်နေခဲ့ကြသည်။ သူတို့၏ မျက်နှာနှင့် လည်ပင်းများတွင် ချွေးအစအနများဖြင့် ဖုံးလွှမ်းနေတာတောင်မှ လူတိုင်းရဲ့ အမူအရာတွေက ခါတိုင်းလို အေးဆေးတည်ငြိမ်နေပြီး သူတို့ရဲ့နက်မှောင်တဲ့ အသားအရည်နဲ့ တည့်မတ်တဲ့ ကိုယ်ဟန်အနေအထားက သူတို့က အပြင်းထန်ဆုံး လေ့ကျင့်မှုကို ခံယူထားကြောင်း ပြသနေသည်။ ပူပြင်းတဲ့ နေရောင်အောက်မှာ နာရီပေါင်းများစွာ မတ်တပ်ရပ်နေရင်တောင် ဘယ်သူမှ မညည်းညူပါဘူး။

စစ်သည်တွေက ခေါင်းမော့ပြီး စိတ်အားထက်သန်စွာ စောင့်နေကြပေမယ့် စုရန်က စိုးရိမ်တကြီး ဖြစ်နေခဲ့သည်။ မွန်းတည့်ချိန်ရောက်လာပေမယ့် ကုယွင်က ပေါ်မလာသေးပါဘူး။ ပြီးတော့ မနက်ကတည်းက အခုအချိန်ထိ သူမကို မတွေ့ရသေးဘူး။ အကြီးဆုံးအစ်ကို အမုန်းဆုံးအရာက အချိန်ကို မလေးစားတာပဲ၊ မနေ့က လက်ထောက်ယုက သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပြန်မရောက်လာခဲ့ဘူး။ အဲ့အတွက် သေချာတဲ့ အကြောင်းရင်းရှိနေတာတောင်မှ သူ ကြိမ်ဒဏ်နှစ်ဆယ် အရိုက်ခံရတယ်။

စုရန်က စိုးရိမ်နေချိန်မှာပဲ ကုယွင်၏ပုံရိပ်က စခန်းအလယ်မှာ ထွက်ပေါ်လာခဲ့သည်။ စုရန် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူမကို ပြုံးပြနေရင်း နူတ်ဆက်လိုက်သည်။ "မရီး"

စုလင်းက တပ်ဖွဲ့ရှေ့တွင် ခန့်ညားစွာ ရပ်နေပြီး ဓားသွားကဲ့သို့ ထက်မြက်သော မျက်လုံးတစ်စုံက သူမကို အေးစက်စွာ စိုက်ကြည့်နေသည်။ ကုယွင်က သူ့ကို သတိမထားမိဟန်ဆောင်ကာ စုရန်ကို ပြုံးပြလိုက်ပြီး "ကျွန်မ နောက်ကျနေပြီ မဟုတ်လား?"

စုရန်က စစ်စခန်းအလယ်ရှိ နေနာရီကို မော့ကြည့်လိုက်ရာ အချိန်က မွန်းတည့်ချိန်အတိ ဖြစ်နေသည်။ စုရန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး "နောက်မကျပါဘူး၊ မင်း အချိန်မီ ရောက်လာတာပါ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now